27 C
Yangon

စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်တွန်း

Must read

စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၂၀

အကြမ်းဖက်စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားလာသော စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယမန်နေ့ တိုက်တွန်းပြောဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်များပေါ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများကို ယခုကာလအတွင်း ပိုမိုပြင်းထန် ဆိုးရွားစွာ ဆက်တိုက်ဆောင်ရွက်လာကြောင်း၊ အရပ်သားပစ်မှတ်များအပေါ် အဆက် မပြတ် ဗုံးကျဲတိုက်ခိုက်နေမှုများ၊ အထူးသဖြင့် ယခုကဲ့သို့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့်အချိန်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံကဲ့သို့ သော အိမ်နီးချင်းနိုင်ငံများ၊ အမေရိကန်၊ ရုရှားကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ အာဆီယံအဖွဲ့၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မျက်ခြည်မပြတ် စောင့်ကြည့် ရန် လိုအပ်ကြောင်း၊ စစ်ကောင်စီအပေါ် လိုအပ်သလို တုံ့ပြန် အရေးယူဆောင်ရွက်ပေးရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အတွင်းလေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများကို သပိတ်ကျင်းမြို့နယ်တွင် ၁၃ ကြိမ်၊ စဉ့်ကူးမြို့နယ်တွင် ၄ ကြိမ် နှင့် မတ္တရာမြို့နယ်တွင် ၁ ကြိမ် ကျူးလွန်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄၁ ဦးသေဆုံးခဲ့ပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် ၇ ဦးမှာ အရွယ်မရောက်သေးသော ကလေးသူငယ်များဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကျဲမှုကြောင့် စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ်ခြေ ၅၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယာယီအပစ်အခတ်ရပ်စဲထားချိန် စစ်ကောင်စီက တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article