30 C
Yangon

မြင်းမူ၊ ကန်တော်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦးသေဆုံး၊ မြင်းမူတွင် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် PDF ၁ ဦးကျဆုံး

Must read

မြင်းမူ၊ ကန်တော်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦးသေဆုံး၊ မြင်းမူတွင် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် PDF ၁ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နှစ်အရွယ်ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း မြင်းမူမြို့နယ်မှ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီ လ ၁၉ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန် မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာမြောက်ပိုင်းသို့ တံတားဦးမှ တက်လာသော တိုက်လေယာဉ် ၁ စီးဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံး၊ ဒုံးကျည် ၂ လုံးတို့ဖြင့် ပစ်ခတ်ခဲ့ရာ အ​ပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ ၁၇ နှစ်အရွယ်အမျိုးသမီး ၁ ဦး နှင့် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ် အချိန် မြင်းမူမြို့ မှ စစ်တပ်နှင့်ပျူစောထီးများက အိမ်စီးကား ၃ စီး ၊ လိုက်ထရပ်ကား ၂ စီးတို့ဖြင့် အလ္လကပ္ပ ကျေးရွာ နှင့် မဲနော ကျေးရွာအကြားရှိ စစ်ဆေးရေးဂိတ်ကို လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် တော်လှန်ရေး ရဲဘော် ၁ ဦး နှင့် M 16 သေနတ်တစ်လက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၁၁ မိနစ်အချိန် မြင်းမူမြို့မှ စစ်တပ်က ဝမ်းပြည့်ကျေးရွာ နှင့် ပဲကူ ကျေးရွာအကြားရှိ စစ်ဆေးရေးဂိတ်ကိုလည်း အင်အား ၉၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article