30 C
Yangon

ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်‌ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံး

Must read

ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်‌ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်‌ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်‌‌နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွ်ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဗုံးစထိမှန်သည့်အတွက် ပြည်သူ ၁၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဗုံးက ၂ လုံး ချတာ ၁ လုံးကွဲတယ်။ ၁ လုံးက ရေတွင်းဘုံပိုင် ခြေရင်း ကျတာမကွဲဘူး။ ဘုံပိုင်ကတော့ လွင့်ထွက်သွားတယ်။ အမျိုးသမီး ၂ ဦး သေဆုံးတယ်။ သေဆုံးတဲ့ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးပါတယ်။ ၁၅ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲက ၃ ဦးကတော့ ပြင်းထန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း စာသင်ကျောင်းဆောင် ၄ ဆောင်နှင့် နေအိမ် အများပြားလည်း အမိုးအကာများ ပေါက်ပြဲ ပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article