30 C
Yangon

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံး

Must read

ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၁

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာအတွင်း ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း P2-3703 Fire Dragon (မီးနဂါး) စစ်ကြောင်းက ပြောဆိုသည်။

ဧ​ပြီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ အတွင်းကို ဒရုန်း၊ လေကြောင်းတို့ဖြင့် ပစ်ကူပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် Fire Dragon (မီးနဂါး) စစ်ကြောင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ အပါဝင် ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ နံနက် ၅ နာရီလောက်မှာ ရန်သူဘက်က ဒရုန်း ၂ စီးနဲ့ စပစ်တယ်ပေါ့။ ပြီးတော့ကျနော်တို့ ရှေ့ကင်းနဲ့ တက်လာတဲ့ရန်သူနဲ့ ထိတွေ့မှု ဖြစ်တယ်။ ရန်သူဘက်က ထိခိုက်မှု​​​များသွားတယ်။ သူတို့ ပြန်ဆုတ်သွားတယ်။ ပြီးတော့ ပြန်တက်လာဖို့ လုပ်တယ် ဒရုန်းတွေနဲ့ ထပ်ချတယ်။ လက်နက်ကြီး ပစ်ကူယူတယ်။ နောက် MI-35 ချေမှုန်းရေး ရဟတ်ယာဥ်နဲ့ ပစ်ကူထိပါ ယူရတယ်။ ကျနော်တို့ ဒီဘက် တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က တော့ နေရာသေချာယူထားနိုင်လို့ ထိခိုက်မှုလည်းမရှိပါဘူး။ ရန်သူတွေလည်း ရှေ့ကိုဆက်ပြီး တက်မလာနိုင်ဘူးပေါ့။ လက်ရှိအခြေနေကတော့ ထိပ်တိုက်စစ်ဆိုင်ထားဆဲ အနေထားတော့ရှိပါတယ်” ဟု မီးနဂါး စစ်ကြောင်းမှ ရဲဘော်တစ်ဦးကပြောဆိုသည်ဟု ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article