29.1 C
Yangon

စဉ့်ကူးမြို့ အဝင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

စဉ့်ကူးမြို့ အဝင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ အဝင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်တွင် စဉ့်ကူးမြို့ အဝင် တံတားအနီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း သစ်ပင်များကို ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က ည ၁၀ နာရီလောက်မှ အကြမ်းဖက် စစ်တပ်က စဥ့်ကူးမြို့ အဝင် တံတားအနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ပြည်သူတွေတော့ အထိအခိုက် မရှိဘူး။ သစ်ပင်တွေပဲ ထိမှန် ပျက်စီးတယ်” ဟု ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန် အတွက် ဗုံးခိုကျင်းများ တူးဖော်ကြရန် ပြင်ဦးလွင် ခရိုင် ပကဖ က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article