30 C
Yangon

မတ္တရာမြို့နယ်၊ ကျွန်းပင်ကျောင်း ဘုန်းကြီးကျောင်းနှင့် ပင်က္ကိုလ် ဘုန်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်ကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

မတ္တရာမြို့နယ်၊ ကျွန်းပင်ကျောင်း ဘုန်းကြီးကျောင်းနှင့် ပင်က္ကိုလ် ဘုန်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်ကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျွန်းပင်ကျောင်း ဘုန်းကြီးကျောင်းနှင့် ပင်က္ကိုလ် ဘုန်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်ကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ အိုင်ဒိုင်ရွာကို ကျွန်းပင်ကျောင်း ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်ခန့်တွင် ပင်က္ကိုလ် ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဗုံးသီး ၂ လုံး ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဘုန်းကြီး ၁ ပါးနှင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မတ္တရာ အနောက်ခြမ်း အိုင်ဒိုင်ကျေးရွာ ကျွန်းပင်ကျောင်း ဘုန်းကြီးကျောင်းကို စစ်ခွေးတွေက Jet Fighter နဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ နောက်ပြီး ပင်က္ကိုလ် ဘုန်ကြီးကျောင်းကိုလည်း ဗုံးသီး ၂ လုံး ပူးတွဲချသွားတယ်။ ဘုန်ကြီး ၁ ပါးနဲ့ ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article