26 C
Yangon

ထားဝယ်မြို့နယ်၊ ဆိပ်ကမ်း ဘောတံတားတွင် ငါးလွှတ်ရန် လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat ၁ စီး ပျက်စီး

Must read

ထားဝယ်မြို့နယ်၊ ဆိပ်ကမ်း ဘောတံတားတွင် ငါးလွှတ်ရန် လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat ၁ စီး ပျက်စီး

ရန်ကုန်၊ ဧပြီ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းလမ်း၊ ဘောတံတားတွင် ငါးလွှတ်ရန် လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး Speed Boat ၁ စီး ပျက်စီးခဲ့ကြောင်း Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းလမ်း၊ ဘောတံတားတွင် ငါးလွှတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၁၅၀ ကျော်သည် Speed Boat ၁ စီးဖြင့် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်သားများ လိုက်ပါလာသော Speed Boat လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Guerilla Force – အထူးပြောက်ကျားတပ်ဖွဲ့နှင့် ပင်လယ်ကြယ် တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article