28 C
Yangon

စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာ၊ အများစုသော ကျောင်း သားကျောင်းသူများ စာမေးပွဲ ပြန် ဖြေရန် အခက်အခဲဖြစ်နေ

Must read

စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာ၊ အများစုသော ကျောင်း သားကျောင်းသူများ စာမေးပွဲ ပြန် ဖြေရန် အခက်အခဲဖြစ်နေ

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့မှ ကျောင်းသားကျောင်းသူများအားလုံး ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ယနေ့ ကြေညာသည်။

ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ ဇွန်လ ၂၁ ရက်နေ့အထိ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည် ဖြေဆိုရမည်ဟု စစ်ကောင်စီက ကြေညာခြင်းဖြစ်သည်။

စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ကျင်းပရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထိုကဲ့သို့ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေအတွင်းမှ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများ၏ အဖြေလွှာများ မီးလောင် ပျက်စီးသွားခဲ့သည့်အတွက် စာမေးပွဲ ပြန်လည် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရန် မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေး ခရီးစဉ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများတွင် မေလ ၁ ရက်နေ့ ကျောင်းသားကျောင်းသူများကို အနီးကပ် ၂ ပတ် ကျောင်းတက်ခိုင်းနေပြီဖြစ်ကြောင်း၊ အများစုသော ကျောင်းသားကျောင်းသူများမှာ ငလျင်ဒဏ်ကြောင့် နေအိမ်များ ပျက်စီးခြင်းနှင့် စီးပွားရေးများ ပျက်စီးခြင်းတို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုရန် ခက်ခဲနေကြကြောင်း သိရှိရသည်။

“အိမ်နဲ့ ဆိုင်နဲ့ တွဲထားတာ။ အိမ်ရော ဆိုင်ရော ပြိုသွားပါတယ်။ အိမ်မှာ ၁၀ တန်းဖြေထားတဲ့ သမီးကို စာမေးပွဲ ပြန်ဖြေခိုင်းဖို့လည်း အဆင်မပြေပါဘူး။ အအောင်ပေးရင်လည်း ရနေတာကို စာမေးပွဲ ပြန်ဖြေခိုင်းတာကတော့ ကလေးကလည်း ငလျင်ကြောင့် စိတ်ဒဏ်ရာရနေတော့ ဖြေဖို့ အဆင်မပြေဘူး။ အိမ်ပြန်ဆောက်ဖို့ရော စီးပွား ရေး ရော အဆင်မပြေဖြစ်နေတာ့ တစ်မိသားစုလုံး စိတ်ဖိအားများနေပါတယ်။ အခုထက်ထိလည်း သူများအိမ်မှာ ကပ်နေရတုန်းပါ” ဟု စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article