35 C
Yangon

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

Must read

ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း နဂါးဖြူတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က ပဲခူးတိုင်းဘက်မှ မွန်ပြည်နယ်ဘက်သို့ ရန် ကုန် – မော်လမြိုင် လမ်းအတိုင်း ဝင်ရောက်လာသော ပုံစံပြောင်း အကြမ်းဖက်စစ်ယာဉ်တန်းကို ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာနှင့် သပြေနီကျေးရွာကြား၌ မိုင်းဆွဲရန်ပြင်ဆင်နေစဉ် အင်အား ၂၀ ခန့်ပါ အကြမ်း ဖက်စစ်တပ် ရှေ့ပြေးကင်းအဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အကြား အပြန် အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ပဲခူးကနေ မွန်ပြည်နယ်ဘက်ဝင်ရောက်လာတဲ့ ကားတန်းပါ၊ အဲဒီကားတန်းကို မိုင်းဆင်ဖို့ အသွား ရန်သူရှေ့ပြေးကင်းနဲ့ တိုက်ပွဲဖြစ်တာပါ။ ကင်းပုန်းနဲ့ ရုတ်တရက် ထိတွေ့တိုက်ပွဲဖြစ်တာကြောင့် ရန် သူဘယ်ကထွက်လာလဲဆိုတာ သေချာမသိရဘူး။ ကားတန်းကို လည်းမိုင်းမဆွဲလိုက်ရဘူး” ဟု နဂါး ဖြူတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း၊ တော်လှန် ရေးအင်အားစုများဘက်မှ ရဲဘော်တစ်ဦး ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခိုက်မှုကို နဂါးဖြူတပ်ရင်း ၊ ၇၈၀၁ တပ်ရင်း ၊ ၇၈၀၅ တပ်ရင်း ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီ ၄၉ မိနစ်အချိန်တွင် အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများကို လက်နက်ကြီး၊ လေ ကြောင်းတို့ဖြင့် တိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင် ကြပါရန်နှင့် စစ်ရေးအရှိန် မြင့်လာနေပြီဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း ဝိုင်းဝန်း ပူးပေါင်းကူညီပေးကြပါရန် တိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article