35 C
Yangon

ကော့ကရိတ်နှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲချခဲ့ပြီး ဓာတုအဆိပ်ငွေ့ဗုံးနှင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု တိုက်ခိုက်

Must read

ကော့ကရိတ်နှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲချခဲ့ပြီး ဓာတုအဆိပ်ငွေ့ဗုံးနှင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာအုပ်စု၊ လောင်ကိုင်ရွာလမ်းမ နှင့် ကော့ဖောင်ရွာ အောက်ခြမ်း ဘက်သို့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စု၊ လောင်ကိုင်ရွာလမ်းနှင့် ကော့ဖောင်ရွာအောက်ခြမ်းသို့ စစ်တပ် တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

” ပေါင် ၅၀၀ ဗုံးတွေဆိုတော့ တော်တော်လေးတုန်ခါသွားတယ်။ သမိန်ဒွတ်ရွာဘက်၊ လောင်ကိုင်ရွာလမ်းဘေးမှာတိုက်တန်း၊ဆိုင်ခန်သစ်ဆောက်ထားတဲ့အနောက်ဘက် ရော်ဘာခြံထဲ ဗုံးကျရောက်ပေါက်ကွဲတာ၊လူတော့မထိဘူး။အဲဒီ တိုက်တန်းဆိုင်ခန်းသစ်တော့ပျက်စီးတာပေါ့။ လူမနေရ သေးလို့ ၊လူနေနေပြီဆိုရင် လူတွေပါ ထိမှာ။မလွယ်ဘူး၊နောက်တစ်လုံးက ကော့ဖောင်ရွာအောက်ခြမ်းဘက်မှာ ကျတယ်။ ထိခိုက်တာတော့မသိရသေးဘူး”ဟုသမိန်ဒွတ် ကျေးရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆုိုသည်။

ကော့ကရိတ်တွင် စစ်ကောင်စီက ဧပြီလ ၂၁ ရက်နေ့ တစ်ရက်လုံး လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀ ဝန်းကျင်ဖြင့် ဗုံးအလုံးရေ ၅၀ ခန့် ကျဲချခဲ့ကြောင်း ကော့ကရိတ်အခြေပြု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ ဓာတုအဆိပ်သင့်ပြီး မူးဝေအော့အန်ဝေဒနာခံစားခဲ့ရကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ် မတော် – DPLA ကသတင်း ထုတ်ပြန်သည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီး တဝိုက် ရှိ ဓနုပြည်သူ့လွတ် မြောက်ရေး တပ်မတော် -DPLA နှင့် မဟာမိတ်TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ နေရာကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဓာတ်ငွေ့ဗုံး ၃ လုံး၊ ညနေ ၃ နာရီ ၆ မိနစ်တွင် ဓာတုအဆိပ်ဗုံး ၄ လုံးအသုံးပြု၍ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် ကျဲချတိုက်ခိုက်မှုကြောင့် အဆိပ်ငွေ့ရှူရှိုက်မိသောရဲဘော်များမှာ မူးဝေ အော့ အန်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ဝေဒနာများခံစားခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း နိုင်ငံတကာက တားမြစ်ထားသော အဆိပ်ဓာတ်ငွေ့ဗုံးများကို အသုံးပြု၍ အကြိမ်ကြိမ် တိုက်ခိုက်လျက်ရှိကြောင်း၊ တောင်းခမ်းတွင်သာမက အခြားတော်လှန်ရေးတပ်များ ရှိသောနေရာများတွင်လည်း မကြာခဏ တိုက်ခိုက်နေသည်ကို တွေ့မြင်နေရကြောင်း DPLA က ပြောဆိုထားသည်။

တောင်းခမ်းကျေးရွာတွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးများကျဲချခြင်း၊ လက်နက်ကြီးများပစ် ခတ်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများ အသုံးပြု၍ ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် TNLA ၊ DPLA တပ် တို့နှင့် စစ်ကောင်စီတပ်များကြား ယနေ့အချိန်ထိ တိုက်ပွဲဆက်လျက်ဖြစ်ပွားလျက် ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article