35 C
Yangon

ပေါင်းတည်မြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက် ၂ လက်နှင့်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

Must read

ပေါင်းတည်မြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက် ၂ လက်နှင့်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၂၂

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်နယ်မြေရဲစခန်းမှ ထွက်လာသော စစ်သား၊ ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သ တင်းပြန်ကြားရေး တာဝန်ခံ Shadow ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ပေါင်းတည်မြို့နယ်၊ မှတ္တိုင်ရဲစခန်းမှ အကြမ်း ဖက်စစ်သား၊ ရဲ ၁၄ ဦးသည် ဆိုင်ကယ် ၇ စီးဖြင့် ကျောက်ကြီးတောင ဂိတ်ဘက်သို့ ရိက္ခာရှာရန် ရှေ့ ပြေး ထွက်လာစဉ် ပေါက်တောကျေးရွာနှင့် အဂ္ဂရာပြည့်ကွက်သစ်ကြား တံတားအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မိုင်းကွင်း ၂ ကွင်း၊ မိုင်း ၆ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား၊ ရဲ ၂ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဆိုင်ကယ်တွေနဲ့အတူလဲကျသေဆုံးနေတဲ့ အလောင်းတွေကို ညနေ ၃ နာရီခွဲလောက်မှာ မှတ္တိုင်ရဲ စခန်းကနေ ကားနဲ့လာပြီးသယ်သွားတယ်။ ပေါက်တောဘက်ကို သယ်သွားတာပါ၊ သေတဲ့သူတွေကို ပေါက်တောတပ်ထဲမှာ သင်္ဂြိုလ်တယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ မှတ္တိုင်ဆေးရုံမှာ တင်ပို့ကုသ ထားတယ်လို့ သိရပါတယ်” ဟု အမှတ် ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သ တင်းပြန်ကြား ရေးတာဝန်ခံ Shadow ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၁ တပ်ရင်းမှ ရဲ ဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်လက်အောက်ခံ ရဲများက လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ် တပ် ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၂ လက်သိမ်း ဆည်း ရရှိခဲ့ ကြောင်း Kayan Nationla Army က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၈ ရက်နေ့ ညပိုင်း မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၂၂၄ တပ်ရင်းမှ စစ် သားအင် အား ၃၀ ခန့်ဖြင့် မိုးဗြဲမြိုု့တွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ပြန်ဆုတ်ပြေးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား များကျန်ခဲ့သည့် MA -1 အမျိုးအစား သေနတ် ၂ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Kayan National Army အပါအဝင် ကရင်နီဒေသအခြေစိုက်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိခဲ့ ကြောင်း ၊ မိုးဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် ပြည်သူများအနေဖြင့် အထူးသတိ ပြုသွားလာနေထိုင်ပေးကြပါရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article