35 C
Yangon

တောင်သာမြို့နယ်၊ သံဘိုရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

Must read

တောင်သာမြို့နယ်၊ သံဘိုရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သံဘိုရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ သံဘိုကျေးရွာပေါ်ကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးသီး ၁၁ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နွား ၂ ကောင်သေဆုံးပြီး နေအိမ် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မနေ့က စက်တပ် လေထီး ၃ စီးနဲ့ ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ ၃ ဦး သေဆုံးတယ်။ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသောကြောင့် ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်ထားကြပါရန်နှင့် လေကြောင်းအန္တရာယ်သတိပေးချက်ကြားရသည့်အခါ ဗုံးခိုကျင်းများအတွင်း နေထိုင်ကြပါရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article