30 C
Yangon

ရေစကြိုမြို့နယ်၊ ဗလဗရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေ

Must read

ရေစကြိုမြို့နယ်၊ ဗလဗရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဧပြီ ၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗလဗရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးနေကြောင်း Pakokku Special Task Force မှ ရဲဘော် ရန်နောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေစကြိုမြို့နယ်၊ ဗလဗရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ရှိနေသောကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ နှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

” ဗလဗရွာကို စစ်ခွေး စစ်ကြောင်းက ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတာ ပြည်သူတွေ ထိခိုက်မှုနဲ့ ပျက်စီးမှု အခြေအနေတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး” ဟု Pakokku Special Task Force မှ ရဲဘော် ရန်နောင်က ပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အနီးအနားရှိ ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article