26 C
Yangon

မတ္တရာမြို့နယ်၊ မကျည်းကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မတ္တရာမြို့နယ်၊ မကျည်းကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မကျည်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ မကျည်းကုန်းရွာကို အနီးတစ်ဝိုက်ကို Jet Fighter ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ကျေးရွာ အနီးရှိ လယ်ကွင်းများကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“မတ္တရာအရှေ့ခြမ်း မကျည်းကုန်းရွာ အနီးတစ်ဝိုက်ကို Jet Fighter ၁ စီး နဲ့ မနေ့က ညနေပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားပါတယ်။ ရွာပြင်ကို ကျတာမို့လို့ ပြည်သူတွေ အထိအခိုက်မရှိပါဘူး” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article