စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၇ ရက် ထပ်သက်တမ်းတိုး၊ ပထမ ရက် ၂၀ ကာလ အပစ်ရပ်ချိန် ပြည်သူ ၁၆၀ ဦးထက်မနည်းကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်
ရန်ကုန်၊ ဧပြီ ၂၂
အကြမ်းဖက်စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီ ၂၃ ရက်မှ ၃၀ ရက်နေ့အထိ ၇ ရက်တာ သက်တမ်းတိုးလိုက်ကြောင်း ယနေ့ ညနေပိုင်း ကြေညာချက် ထုတ်ပြန်သည်။
စစ်ကောင်စီက ၇ ရက်တာ အပစ်ရပ်ကာလ သက်တမ်းတိုးမှုကို ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီရေး အကြောင်းပြထားပြီး စစ်တပ်ကို တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်တိုက်ခိုက်မည်ဟု ကြေညာထားသည်။
ပထအကြိမ် အပစ်ရပ်ကာလမှ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ ရက် ၂၀ ကြာ ကြာမြင့်ခဲ့ပြီး ယင်းကာလတွင် စစ်တပ်က ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်ခြင်း၊ စစ်ကြောင်းထိုး သတ်ဖြတ်ခြင်း၊ လက် နက် ကြီးများ ပစ်ခတ်သတ်ဖြတ်ခြင်း အပါအဝင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပထမအကြိမ် ယာယီ အပစ်ရပ်ကာလအတွင်း အနည်းဆုံး ပြည်သူ ၁၆၀ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က ကောက်ယူထားသော စာရင်းဇယာများအရ သိရှိရသည်။
ပထအကြိမ် အပစ်ရပ်ကာလ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အတွင်း ရက်ပေါင်း ၂၀ ကာလအတွင်း စစ် တပ်က ပြည်သူ ၁၆၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သော တိုက်ခိုက်မှုဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ် သည်။
ဧပြီလ ၂၁ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် သံဘို(ရွာသစ်)ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၃ စီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောရွာ ဒေါ်မူချို ကုန်စုံဆိုင် ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နန်းတည်ရွာနှင့် သံဘိုရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၈ မိနစ်အချိန် သပိတ်ကျင်းမြို့နယ် လိပ်ကျကျေးရွာကို အကြမ်းဖက်စစ် ကောင်စီ၏ မိတ္ထီလာ ရှမ်းတဲလေတပ်တက်လာသော ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၁ လုံးကျဲ တိုက် ခိုက်ခဲ့ရာ အပြစ်မဲ့အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၅ မိနစ်ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာ ကို အကြမ်း ဖက်စစ်ကောင်စီ ၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၂၀၀ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၂၄ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၉ ရက်နေ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ မင်းစောရွာဘုန်းကြီးကျောင်းတွင် သံဃာတော်များကို ဆွမ်း ကပ်နေစဉ် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆွမ်းစားကျောင်းဆောင် တည့်တည့်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုရင် ၁ ပါးနှင့် ပြည်သူ ၂ ဦး စုစုပေါင်း ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၉ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန် မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာမြောက်ပိုင်းသို့ တံတားဦးမှ တက်လာသော တိုက်လေယာဉ် ၁ စီးဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံး၊ ဒုံးကျည် ၂ လုံးတို့ဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ ၁၇ နှစ်အရွယ်အမျိုးသမီး ၁ ဦး နှင့် ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၉ ရက်နေ့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၁၉ ရက်နေ့ ရခိုင်ပြည်၊ ကျောက်တော်မြို့ထဲ နေရာအနှံ့ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးချိန်မရလိုက်ဘဲ အရပ်သား ၁ ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၁၈ ရက်နေ့ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေ ကျောက်ကြီး နှင့် မူးမြို့နယ်တို့တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရေတွင်းကုန်းကျေးရွာ ဇရပ်ကုန်းအပိုင်းသို့ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် ကိုမျိုးသန့်ဖြစ်ပြီး ဘယ်ဘက်ရင်အုံသို့ ကျည်စထိမှန်သေဆုံးခဲ့ရသည်။
ဧပြီလ ၁၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၈ မိနစ်အချိန် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ၊ သလွဲထောင်ကျေးရွာကိုစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၇ ရက်နေ့ ရေစကြိုမြို့နယ်၊ ဗလဘရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်မှ တိမ်းရှောင်နိုင်ခြင်းမရှိသော အသက် ၈၀ အရွယ် ပြည်သူ ၁ ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ်၊ နတ်တောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၀ နှစ်အရွယ် ဒေါ်မွန် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များသို့ ထိမှန်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးကျဲခဲ့ရာ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်ကျေးရွာ ဆေးပေးခန်းကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဆေးခန်း အ နောက်ဘက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၅ နှစ်အရွယ် ယောက်ျားလေး ၁ ဦး အပါဝင် ၄ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာသို့ စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ကားပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ပြည်သူ ၁၀ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း အုတ်တွင်းမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စု၊ သောင်း တန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အသက် ၃၅ နှစ်အရွယ် ကိုမျိုးနှင့်ဇနီး စုစုပေါင်း ၂ ဦး ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၁၅ ရက်နေ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီစံပြကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုတွင် အသက် ၃ နှစ်အရွယ်မှ အသက် ၁၅ နှစ်အရွယ်အထိ ကလေးငယ် ၄ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၄ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းတွင် သင်္ကြန်အကျနေ့ အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် တိုက် ခိုက်မှုကြောင့် သင်္ကြန်တွင်း ဒုလ္လဘ သာသနာ့ဘောင်ဝင်နေသော ကိုရင်ငယ် ၁ ပါး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီ ၁၄ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်ခန့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်နှင့် မိတ္ထီလာ (ရှမ်းတဲ) လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျခတ်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကိုရင် ၃ ပါး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၁ ရက်နေ့ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၈၂ နှစ်အရွယ် ဦးပေါသန်း သေဆုံးခဲ့ရသည်။
ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၄၁ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက် တစ်နေရာသို့ မိတ္တီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ်က ဗုံးကျဲပစ်ခတ်သွားခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် တွင် ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ K-8 Jet Fighter လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရသည်။
ဧပြီလ ၁၀ ရက်နေ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေချောင်းဗိုလ်ရွာအနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့သည်။
ဧပြီလ ၁၀ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာသို့ တိုက် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ဧပြီလ ၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၂၆ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၉ ရက်နေ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၈ လ နှင့် ၇ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၆ ရက်နေ့ ည ၁၁ နာရီ ၂၈ မိနစ် သန်းခေါင်ယံအချိန် မုံရွာမြို့၊ အနောက်မြောက် တိုင်းစစ် ဌာန ချုပ်မှ တက်လာသော စက်တပ်လေထီးဖြင့် ချောင်းဦးမြို့နယ်၊ သုံပန်လှကျေးရွာကို မီးလောင်ဗုံးသီး ၂ လုံး ဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာနေအိမ်အတွင်းအိပ်ပျော်နေသူ ပြည်သူ ၃ ဦး မီးလောင်သေဆုံးသွားခဲ့ရသည်။
ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ကုက္ကိုစုရွာနှင့် အုတ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ရသည်။
ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ နဲကကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁ ကြိမ် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ အသက် ၃ လ အရွယ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးခဲ့ရသည်။



