ရွှေကျင်မြို့နယ်၊ ညောင်ချေထောက်ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်းရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ၊ညောင်ချေထောက်ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ညို တပ်ရင်း – P29906 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၂ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ညောင်ချေထောက်ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တောင်ညိုတပ်ရင်းနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။
” တောင်ညိုတပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေက ညောင်ချေထောက်ကျေးရွာအနီးမှာရှိတဲ့ ရန်သူ ခမရ ၅၉၈ က အကြမ်းဖက် စစ်သားတွေကို ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ရန်သူဘက်က စစ်ခွေး ၂ ကောင် သေဆုံးတယ်။ ကျနော်တို့ဘက်က အထိခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်” ဟု တောင်ညို တပ်ရင်း – P29906 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
