30 C
Yangon

စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး

Must read

စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ သောက်စားမူးရူးပြီး ပြန်လာသော ပျူစောထီးများ လိုက်လာသည့် ကားကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်မှ မင်းကွန်းဒေသသို့ မွေးနေ့ပွဲမှ သောက်စားမူးရူးပြီး ကားဖြင့် ပြန်လာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက မင်းကွန်းဒေသ တစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီး ခေါင်းဆောင် နေလင်း(ခ) ရဲဘော်ကြီး အပါအဝင် အပေါင်းအပါ ပျူစောထီး ၇ ဦး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ လိုက်လာသော ကားတွင် ၂ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန်ရှိသူ အားလုံးသေဆုံးခဲ့ကာ ကားကိုလည်း မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မင်းကွန်းမှ စစ်ကူကား ၂ စီး နှင့် စစ်ကိုင်းမြိုမှ စစ်ကူကား ၃ စီး ရောက်ရှိလာခြင်းနှင့် လက်နက်များ error ဖြစ်နေသောကြောင့် အပြီးသတ် ချေမှုန်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် နေလင်း(ခ)ရဲဘော်ကြီးသည် ရွှေကျား၏ တပည့်အရင်းဖြစ်ပြီး လက်ရှိချိန်တွင် ရွှေကျားနေရာ ကိုဆက်ခံထားသူဖြစ်ကြောင်း၊ ဘုန်းကြီး ဝေပုလ္လ ဦးဆောင်သော ပျူစောထီး အဖွဲ၏ ခေါင်းဆောင်လည်းဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် တိုက်ခိုက်မှု ဖြစ်ပွားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် G3 သေနတ် ၁ လက် ၊ လက်ပစ်ဗုံး ၂ လုံး ၊ ၄၀မမ ဗုံးသီး ၂ လုံး ၊ ကျည် အနည်းငယ် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

” ပျူစောထီး ခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီး သေဆုံးပါတယ်။ သူအပါအဝင် ၇ ဦး သေဆုံးတယ်။ သူတို့ စီးလာတဲ့ ကားကို နယ်မြေရှင်းလင်းရေး လုပ်ပြီး မီးရှို့ ရှင်းလင်းခဲ့တယ်” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ နှင့် အတူ Mingun PDF ၊ တိုက်နယ် ပလဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article