28 C
Yangon

ပြည်သူအပေါ် အနစ်နာခံမှု နှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်

Must read

ပြည်သူအပေါ် အနစ်နာခံမှု နှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်

ရန်ကုန်၊ ဧပြီ ၂၄

ပြည်သူအပေါ် အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုပေးနေသော ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်လိုက်ကြောင်း ပြည်သူဂုဏ်ရည်အသင်းက သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဂုဏ်ပြုသူအဖြစ် အကျဉ်းကျခံနေရသော ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဘဝတစ်လျောက်လုံး မြန်မာနိုင်ငံ နှင့် ပြည်သူများအပေါ် ထားရှိသော အနစ်နာခံမှု၊ မေတ္တာတရားနှင့် နိုင်ငံရေး ဦးဆောင်မှုများအပေါ် ကျေးဇူးတင်စကားဆိုခြင်းနှင့် အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေ သည့် စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းလည်း ဖြစ်ကြောင်း အသိပေးထားသည်။

မတရားဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား များ နှင့်အတူ တစ်မျိုးသားလုံး စစ်ကျွန်ဘဝ လွတ်မြောက်ရေးအတွက် ပြည်သူ့ဂုဏ်ရည် အသင်းကြီး က ဆက်လက် အားစိုက် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article