30 C
Yangon

ဆီဆိုင်မြို့နယ်ရှိ စစ်သား နှင့် PNO အရာရှိများ၏ နှိပ်စက်မှုကို မခံနိုင်၍ PNO ပြည်သူ့စစ် ၁ ဦး လက်နက် ယူဆောင်လာပြီး PNLA ထံအလင်းဝင်

Must read

ဆီဆိုင်မြို့နယ်ရှိ စစ်သား နှင့် PNO အရာရှိများ၏ နှိပ်စက်မှုကို မခံနိုင်၍ PNO ပြည်သူ့စစ် ၁ ဦး လက်နက် ယူဆောင်လာပြီး PNLA ထံအလင်းဝင်

ရန်ကုန်၊ ဧပြီ ၂၅

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် အကြမ်းဖက် စစ်သားနှင့် PNO အထက်အရာရှိများ၏ နှိပ်စက်မှုကို မခံနိုင်၍ PNO ပြည်သူ့စစ် ၁ ဦး လက်နက်နှင့်တကွ ထွက်ပြေးလာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁ ဦးသည် အကြမ်းဖက် စစ်သားနှင့် PNO အထက်လူကြီးများ၏ နှိပ်စက်မှုကို မခံနိုင်၍ လက်နက်နှင့်တကွ ထွက်ပြေး လာပြီး PNLA တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ လက်နက်နှင့်တကွ အလင်းဝင်လာသော PNO တပ်သားကို ဆုငွေများချီးမြှင့်ကာ ကောင်းမွန်စွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁ ဦးသည် နှိပ်စက်ခံရသော ဒဏ်ရာများကြောင့် လက်ရှိချိန်တွင် PNLO/PNLA ဆေးတပ်ဖွဲ့ထံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

” ၁၆ ရက်နေ့က အလင်းဝင်ရောက် လာတာပါ။ သေနတ်က M-32 ၁ လက်ရယ် ကျည်ဘောက် ၂ ဘောက်ရယ်။ ကျည်ဆံ ၁၀၀ ဝန်းကျင်လောက် ပါလာတယ်။ အထက်လူကြီးတွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သူ့ကို နှိပ်စက်တယ်လို့ ပြောပါတယ်။ တုတ်တွေနဲ့ ရိုက်တယ်။ အရိုက်ခံရတဲ့ ဒဏ်ရာတွေရှိပါတယ်။ အဲဒါနဲ့ စစ်ကောင်စီတွေ ပြည်သူ့စစ်တွေက ပြည်သူလူထုတွေရဲ့ ပစ္စည်းတွေကို လုယက်ယူနေတာကိုလည်း သူတို့က မြင်တော့ သူတို့ မနေနိုင်တော့ဘူး။ မနေနိုင်တော့ဘဲနဲ့ အလင်းလာဝင်တာပါ။ ကျွန်တော်တို့ ဆေးကုထားပေးပြီးတော့။ သွားလိုတဲ့နေရာကို ကျွန်တော်တို့ ပို့ပေးပါတယ်။ ပြီးတော့ ကျွန်တော်တို့ သုံးစွဲဖို့ပေါ့။ ငွေကြေးတွေထောက်ပံ့ပေးပါတယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် အခါခါလည်း ပြောထားပါတယ်။ ကျွန်တော်တို့ ပအိုဝ်း အချင်းချင်းတွေက ကျွန်တော်တို့ ရန်သူ မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်ကသာ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတွေရဲ့ ရန်သူဖြစ်ပါတယ်။ ဒါကြောင့်အမှန်တရားကိုလက်ခံကျဖို့ အမှန်တရားသိရှိမြင်နိုင်ကြဖို့ အားလုံးကိုပဲ တိုက်တွန်းချင်ပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်းများကို ခိုးယူခြင်း ဓားပြတိုက်ခြင်း အောက်လက်ငယ်သားများအား ရိုက်နှက်နှိပ်စက်ခြင်း ‌များပြုလုပ်ခဲ့ ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ PNO တပ်သားက ထွက်ဆိုခဲ့ကြောင်း၊ ပအိုဝ်း အမျိုးသား အချင်းချင်းသည် ရန်သူမဟုတ်ဘဲ စစ်အာဏာရှင်စနစ်သည်သာ ပြည်သူလူထုတရပ် လုံး၏ ရန်သူဖြစ်ကြောင်း PNLA က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article