30 C
Yangon

ဘုတ်ပြင်းမြို့နယ်တွင် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

Must read

ဘုတ်ပြင်းမြို့နယ်တွင် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Kawthaung District Battalion 1 – P23201 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ ပူးပေါင်းစစ်ကြောင်း စစ်ဆေးရေးဂိတ်နှင့် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ပူးပေါင်းစစ်ကြောင်းထံသို့ အလင်း ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်များမှာ စကခ ၁၃ မှ အသက် ၃၁ နှစ်အရွယ် ရဲဝင်းအောင် နှင့် အသက် ၂၄ နှစ်အရွယ် သူရစိုး တို့ဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၉ စစ်မှုထမ်း သင်တန်းဆင်းပြီး ရန်ကုန်းတိုင်း ဂျိုးဖြူလေး သင်တန်းကျောင်းတွင် စစ်သင်တန်း ၃ လ တက်ရောက်ကာ တာဝန် ဆက်လက် မထမ်းဆောင်ချင်သောကြောင့် ဧပြီလ ၁၇ ရက်နေ့တွင် လက်နက်မပါဘဲ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသော တစ်ဦးသည် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် အသက် ၂၈ နှစ်အရွယ် စည်သူကျော် ဖြစ်ပြီး မတရားစစ်မှုထမ်း စုဆောင်းခံရကာ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၉ ဗထူးသင်တန်းကျောင်းတွင် စစ်သင်တန်း ၃ လ တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကာ စစ်မှုထမ်း သင်တန်းတက်ပြီးနောက် တနင်္သာရီမြို့နယ် ခမရ ၅၅၈ သို့ ရောက်ရှိခဲ့ပြီး ခမရ ၅၅၈ မှ တဆင့် ဘုတ်ပြင်းမြို့နယ် ခလရ ၄၃၂ သို့ ပို့ဆောင်ခံရပြီး တပ်ထဲမပို့ဆောင်ဘဲ ဘုတ်ပြင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူတွေက သေနတ်တွေမပါလာဘူး။ ဂုဏ်ပြုဆုငွေကတော့၊ လောလောဆယ်တော့ ဂုဏ်ပြုဆုငွေ မချီးမြှင့်ရသေးဘူး။ အလင်းဝင်ရောက်လာတာတဲ့သူတွေက ပဲခူးတိုင်းက ၂ ဦးရယ် မန္တလေးတိုင်းက ၁ ဦးပါ။ ပေါ်တာအဆွဲ ခံရတာပါ။ ဘယ်လို‌‌ကြောင့် ပေါ်တာဆွဲခံရလဲဆိုတာ အသေးစိတ်တော့မသိရသေးဘူး။ ကျနော်တို့ ပူးပေါင်းစစ်ကြောင်းရှိရာ ထံကို ရောက်ရှိလာပါတယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ကောင်းကောင်းမွန်မွန်ထားပါတယ်။ စစ်ကောင်စီတပ်သားတွေကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ပူးပေါင်း ဆောင်ရွက်လိုပါတယ်”ဟု PDF Kawthaung District Battalion 1 – P23201 မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article