ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးခဲ့ကြောင်း မွန်တော်လှန်ရေးတပ် – MSRF က ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၆ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နံနက် ၈ နာရီ ၃၀ မိနစ် အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါန တပ်ရင်း စစ်ကြောင်း ၃ – (KBDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း – ၁ ၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ၊ ထားဝယ် တပ်တော် DNLA နှင့် KNU တပ်မဟာ ၆ KNLA တပ်ရင်း ၂၇ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
