31 C
Yangon

မင်းအောင်လှိုင်က သူတည်တဲ့ မာရဝိဇယဘုရား ငလျင်ဒဏ်ခံနိုင်လို့ အစည်း အဝေးတိုင်းမှာ ဂုဏ်ယူဝင့်ကြား၊ မာရဝိဇယကို ပုံမှန်သွားပေမယ့် သန်းရွှေ တည်ခဲ့တဲ့ ဥပ္ပါတသန္တိစေတီရဲ့ ငလျင်အပျက်အစီးတွေကို ၁ လနီးပါးကြာမှ သွားကြည့်

Must read

မင်းအောင်လှိုင်က သူတည်တဲ့ မာရဝိဇယဘုရား ငလျင်ဒဏ်ခံနိုင်လို့ အစည်း အဝေးတိုင်းမှာ ဂုဏ်ယူဝင့်ကြား၊ မာရဝိဇယကို ပုံမှန်သွားပေမယ့် သန်းရွှေ တည်ခဲ့တဲ့ ဥပ္ပါတသန္တိစေတီရဲ့ ငလျင်အပျက်အစီးတွေကို ၁ လနီးပါးကြာမှ သွားကြည့်

ရန်ကုန်၊ ဧပြီ ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတည်တဲ့ မာရဝိဇယဘုရား ငလျင်ဒဏ်ခံနိုင်တယ်လို့ အစည်း အဝေးတိုင်းမှာ ဂုဏ်ယူဝင့်ကြားစွာ ပြောဆိုနေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ဧပြီလ ၁ ရက်နေ့မှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူတည်ထားခဲ့တဲ့ မာရဝိဇယဘုရားကို သွားရောက်ခဲ့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် မာရဝိဇယဘုရားနဲ့ ရင်ပြင်တော်မှာ အပျက်အစီး အနည်းငယ်သာရှိတဲ့အပြင် အင်ဂျင် နီယာ တွက်ချက်မှုတွေအရ လည်း ဘုရားနဲ့ ရင်ပြင်တော်တစ်ခုလုံး မူလအတိုင်း အကောင်းပကတိ ရှိနေတယ်လို့ ရလဒ်ထွက်လာခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် အပျက်အစီး နည်းပါးလွန်းတဲ့ မာရဝိဇယဘုရားနဲ့ပတ်သက်လို့ မင်းအောင်လှိုင်က စစ်ကောင်စီ အစည်းအဝေးတွေနဲ့ ငလျင်ဒဏ် ပြန် လည်ထူထောင်ရေး အစည်းအဝေးတိုင်းမှာ သူတည်ခဲ့တဲ့ ဘုရားက ငလျင်ဒဏ် ခံနိုင်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေတာပါ။

“ဒီဘုရားကြီးက ငလျင် ပြင်းအား ၈ ကျော်ရင်တောင်မှ ခံနိုင်ရည်ရှိအောင် သူတည်ခဲ့တယ်။ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံနိုင်အောင်လည်း သူတည် ထားတယ်ပေါ့။ အဲဒီလိုမျိုး တစ်နိုင်ငံလုံးမှာ ဘုရားစေတီတွေကို သဘာ၀ဘေးဒဏ်ခံနိုင်အောင် တည်ထားရမယ်ဆိုတာ မာရဝိဇယဘုရားကို ဥပမာပေးပြီး တပ်ချုပ်က ဂုဏ်ယူစွာနဲ့ ဝင့်ဝင့်ကြွားကြွား ပြောပါတယ်။ အခုနောက်ဆောက်မယ့် အဆောက် အအုံနဲ့ ရုံးဌာနတွေဆိုရင်လည်း အနည်းဆုံး ငလျင် ပြင်းအား ၈ အဆင့်ကို ခံနိုင်အောင် တည်ဆောက်ရမယ်ဆိုတာမျိုး ညွှန်ကြားနေတယ်” လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာရှင်ဟောင်း သန်းရွှေ တည်ထားခဲ့တဲ့ ဥပ္ပါတသန္တိစေတီကို သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ရင်ပြင်တော် အပျက်စီးနဲ့ ပြိုကျခဲ့တဲ့ သာသနိကအဆောက်အအုံတွေကို ပြင်ဆင်ဖို့ သွားရောက်စစ်ဆေးညွှန်ကြားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သူတည်ခဲ့တဲ့ မာရဝိဇယ ဘုရားကိုတော့ ငလျင်လှုပ်ပြီး ၄ ရက်အကြာမှာ သွားရောက်စစ်ဆေးခဲ့ပြီး သန်းရွှေ တည်ခဲ့တဲ့ ဥပ္ပါတသန္တိစေတီကိုတော့ အပျက်အစီးများပြားတာတောင် ၁ လနီးပါး ကြာမြင့်ချိန်မှာမှ သွားရောက်စစ်ဆေးခဲ့ပါတယ်။

“တပ်ချုပ်မှာ မာရဝိဇယကို သူတည်တဲ့ သူ့ဘုရားဆိုတာမျိုး ရှိပုံရပါတယ်။ ညဘက်တွေဆိုရင် ဘုရားပိတ်ချိန်တောင် ယာဉ်တန်းနဲ့လာပြီး ဘုရားကြီးကို တစိမ့်စိမ့် လာကြည့်နေတာမျိုးရှိတယ်”လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

မင်းအောင်လှိုင်အနေနဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်အပျက်အစီးများခဲ့တာဟာ တစ်ချိန်က တည် ဆောက်ခဲ့သူတွေရဲ့ ပေါ့လျော့မှုနဲ့ အရည်အသွေး မမီလုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့ သွယ်၀ိုက် အပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ဆီက သိရပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article