31 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ပဲခူးတိုင်းနဲ့ ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ လေးအိမ်စု စခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားခဲ့တာဖြစ် တယ်လို့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းကနေ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားမင်းခန့်က ပြောပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာက ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၆ ဦး သေဆုံးခဲ့တယ်လို့ မွန်တော်လှန်ရေးတပ် – MSRF က ပြောပါတယ်။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ရာ နယ်ထိန်းခေါင်းဆောင် ငွေစိုးအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article