24.6 C
Yangon

မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်က Non-CDM ဝန်ထမ်းများ နေထိုင်ရာ မလိခအိမ်ရာအတွင်းကျရောက်ပေါက်ကွဲပြီး ၁ ဦးသေဆုံး

Must read

မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်က Non-CDM ဝန်ထမ်းများ နေထိုင်ရာ မလိခအိမ်ရာအတွင်းကျရောက်ပေါက်ကွဲပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်က Non-CDM ဝန်ထမ်းများ နေထိုင်ရာ မလိခအိမ်ရာအတွင်းကျရောက်ပေါက်ကွဲပြီး ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူတချို့နှင့် KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲကျော်အချိန် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ စစ်တပ်လက်အောက်ခံ Non-CDM ဝန်ထမ်းများ နေထိုင်သော မလိခအိမ်ရာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံများ လက်နက်ကြီးအစထိမှန် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ညက မပခထဲကနေ တောက်လျှောက် လက်နက်ကြီးတွေ ပစ်ခတ်တာရှိတယ်။ ၀ိုင်းမော်ဘက်ကို ပစ်တာလို့ ထင်ပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာတော့ တိုက်ပွဲမရှိပေမယ့် စစ်ဖြစ်မယ့်ပုံစံလိုမျိုး ပြည်သူတွေတော့ စိုးရိမ်မှုတွေရှိတယ်။ မနေ့ညကဆိုရင် မပခက လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်ခဲ့တာ” ဟုမြစ်ကြီးနားဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

KIA သတင်းရင်းမြစ်တစ်ခုကမူ ယမန်နေ့ညပိုင်း မြစ်ကြီးနားမြို့၊ မလိခအိမ်ရာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်မှာ စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article