Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်က နေပြည်တော်မှာ သူတည်ထားတဲ့ မာရဝိဇယဘုရား ဟာ အပျက်အဆီး အနည်းငယ်ပဲဖြစ်တဲ့အတွက် ငလျင်ဒဏ်ခံနိုင်လို့ဆိုပြီး အစည်းအဝေးတိုင်းမှာ ဂုဏ်ယူဝင့်ကြားပုံစံနဲ့ ပြောဆိုပြီး တော့ အဲဒီဘုရားကို ပုံမှန်သွားပေမယ့် အာဏာရှင်ဟောင်း သန်းရွှေ တည်ခဲ့တဲ့ ဥပ္ပါတသန္တိစေတီရဲ့ ငလျင်ကြောင့် ပျက်ဆီးသွားမှုတွေကိုတော့ ၁ လနီးပါးကြာပစ်ထားပြီးမှ အပေါ်ယံပုံစံမျိုးပဲ သွားကြည့်ခဲ့တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်သွားပြီးတဲ့နောက် ငလျင်ဒဏ်သင့်ထားတဲ့ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်မှာတောင် အကြမ်းဖက် စစ်ကောင်စီက သူတို့စစ်တပ်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် တစ်ရပ်ကွက်ကို လူငယ် ၂ ဦး ပေးဖို့ ဆင့်ခေါ်တာတွေ လုပ်နေပြန်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တချို့ကိုယ်တိုင်နဲ့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းက ဝက်လက်မြို့ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ အတိုင်ချ တပ်စွဲထားရာ ရဲစခန်း၊ ထွေ/အုပ်ရုံး ၊ မီးသတ်ရုံးနဲ့ ကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ တပြိုင်နက်တည်း ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
