28 C
Yangon

စလင်းမြို့ ဝက်သည်းကန် အနီးရှိ စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံး

Must read

စလင်းမြို့ ဝက်သည်းကန် အနီးရှိ စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း ၊ စလင်းမြို့ ဝက်သန်းကန်အနီးရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၂၄ မိနစ်တွင် စလင်းမြို့ အနောက်ဘက်အထွက် ဝက်သည်းကန် အနီး ရှမ်းရွာကုန်း နှင့် ဆင်ကျူံး အကြားရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေစဉ် အတွင်း ကံပြားရဲစခန်းဘက်မှ စစ်ကူ အင်အား အများအပြား ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး စခန်းသိမ်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

“အင်အားက ၁၅ ဦးလောက်ပဲရှိတာ စစ်ကူ မြန်မြန်ရောက်လာလို့ စခန်းမသိမ်းလိုက်နိုင်တာ စစ်ကူမ လာရင်တော့ သိမ်းနိုင်တယ်။ စစ်ရေး အရှိန်မြင့်နေတဲ့ ကာလဖြစ်လို့ ပြည်သူတွေအနေနဲ့ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ ကြေညာချက်တွေကို နားစွင့်ပြီး အလေးထားလိုက်နာပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) မှ တာဝန်ရှိသူတစ်ဦး က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျွန်ုပ်တို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နှင့် မင်းဘူးခရိုင်အမှတ် -၅ တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article