33 C
Yangon

မင်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

မင်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၂၆

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့က စတင်ကာ မင်းလှမြို့နယ် အတွင်းရှိ ခလရ ၁ ၊ ကျောက်တံခါးဘုရားကုန်း နှင့် တာကလေးကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ တပ်ဆင်၍ ကျေးရွာများကို နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရွေးကုန်း၊ သရော်ကုန်၊ မုက္ခာ၊ ဆားချောင်း၊ ဆင်အိုင်ချောင်းပေါက်၊ ဂန့်ဂေါ်ပင်၊ တောင်ပြတ်၊ ဦးတိုကညင်ပင်၊ ဦးတိုတောင်စု၊ ဦးတိုဗမာစု၊ အင်ကြင်းကုန်း၊ ဝက်ကုန်း နှင့် အခြားကျေးရွာများကို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ကျောင်းရွာ၊ ရွေးကုန်း၊ ခွက်မ၊ စမ်းဘုတ်၊ ထောက်ကြန့်၊ ပက်တန်း၊ ဂန့်ဂေါ်ပင်၊ ဦးတိုကညင်ပင်၊ အင်ကြင်းကုန်းနှင့် စမ်းတောင်ကွေ့ အုပ်စုတို့ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်တပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်နေတာဆိုတော့ ပြည်သူတွေက တိမ်းရှောင်နေရတာပေါ့။ ရွာ ၂၀ ကျော်က ပြည်သူ ၁ ထောင်ကျော် ထွက်ပြေးနေရတယ်။ တိုက်ပွဲတွေလည်း မြေပြင်မှာ ဖြစ်လာနိုင်လို့ ပြည်သူတွေက ကြောက်ကြောက်နဲ့ ပြေးနေရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာများ အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာ၍ ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article