Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်သွားပြီးတဲ့နောက် ဘိလပ်မြေတစ်အိတ်ကို ငွေကျပ် ၄၀၀၀၀ ကျော်သွားတဲ့အချိန် အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းက ဘိလပ်မြေ တစ်အိတ်ကို ငွေကျပ် ၁၇၀၀၀ နဲ့ရောင်းရမယ်ဆိုပြီး အမိန့်ပေးလိုက်ပြန်သလို ၊ တစ်ဖက်မှာလည်း ဘိလပ်မြေတွေကို အမြတ်တင် ရောင်းချမှုနဲ့ ဆိုင်ပေါင်း ၆၂ ဆိုင်နဲ့အတူ ပိုင်ရှင် ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မကွေးတိုင်း ၊ ကံမမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ရေနံ့သာရဲစခန်းကို တော်လှန်ရေးတပ်တွေ က တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲစခန်းမှူးနဲ့အဖွဲ့ဟာ လက်နက်ချမယ်ပြောပြီး ထွက်ပေးသွားကြသလို ၊ ရဲ ၁ ဦးကိုသာ အရှင်ဖမ်းဆီးရမိထားပြီး သူနဲ့အတူ လက်နက်ခဲယမ်း ၊ ကား နဲ့ ဆိုင်ကယ်တွေကိုပါ တော်လှန်ရေးတပ်က သိမ်းဆည်း ရရှိထားတယ်လို့ သရက်ခရိုင် အမှတ် ၄ PDF တပ်ရင်း တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ သူတို့စစ်တပ်လက်အောက်ခံ Non-CDM ဝန်ထမ်းတွေ နေထိုင်ရာ မလိခအိမ်ရာအတွင်း ကျရောက်ပေါက်ကွဲသွားပြီး လူ ၁ ဦး သေသွားတဲ့အပြင် ဝန်ထမ်းအိမ်ရာလည်း ကျည်စထိမှန်ပျက်ဆီးမှုတွေ ရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
