37 C
Yangon

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိကာ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းမိ၊ ဖားကန့်ကို ထိုးစစ်ဆင်နေသော စစ်တပ် စစ်ကြောင်းများ သေဆုံးမှုများပြား

Must read

ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိကာ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းမိ၊ ဖားကန့်ကို ထိုးစစ်ဆင်နေသော စစ်တပ် စစ်ကြောင်းများ သေဆုံးမှုများပြား

ရန်ကုန်၊ ဧပြီ ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ယမန်နေ့ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုကို ထပ်မံ သိမ်းပိုက်ရရှိကာ စစ်တပ်၏ တပ်ရင်းမှူးနှင့်အဖွဲ့ကို အရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့မှစတင်၍ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့ပြီး KIA၊ KPDF တပ်များက ထိုးစစ်ကို အရှိန်မြှင့်တင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စကခ ၂၁ ၏ ကာကင်းစခန်း ၅ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်တပ်ရင်းမှူးနှင့်အဖွဲ့ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

“စကခ ၂၁ ရဲ့ ကာကင်းစခန်း ၅ ခုကို ထပ်ရတယ်။ အခုက စကခ ၂၁ ရဲ့ ဗဟိုကင်းအထိရောက်နေပြီ။ အဲဒီအထဲမှာ စစ်တပ်တပ်ရင်းမှူးနဲ့အဖွဲ့ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်တပ်က လေယာဉ်တွေနဲ့ တစ်ချိန်လုံး ဗုံးလာကျဲနေတယ်။ ကိုယ့်ဘက်မှာလည်း အထိအခိုက်တွေ ရှိတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရန် KIA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကာ လက်ရှိအချိန် ၅ လနီးပါး ကြာသည်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်တပ်စစ်ကြောင်းများက ချီတက် ထိုး စစ်ဆင်နေရာ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ အထိနာပြီး သေဆုံးထိခိုက်မှုများပြားကြောင်း သိရှိရသည်။

“စခတွေဘက်က လက်နက်နဲ့ ခဲယမ်းနဲ့ စစ်ပစ္စည်းတွေ သိမ်းဆည်းရရှိတာရှိပါတယ်။ စခတွေဘက်က ဘယ် လောက်သေတယ်ဆိုတာတော့ အရေအတွက် မသိရဘူး” ဟု KPDF သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့မှစတင်၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ မိုးကောင်း၊ ကာမိုင်းဘက်မှ စစ်တပ်စစ်ကြောင်းများ အင်အားရာချီ၍ တက်လာခဲ့သဖြင့် ဖားကန့်လမ်းပိုင်းများ အားလုံး ပိတ်ထားကြောင်း ၊ မြစ်ကြီးနား-မိုးကောင်း-ကာမိုင်းဘက် လမ်း၊ ရေကာတာ ရွာတစ်ဝိုက်တွင် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည့်အပြင် ဟိုပင်-အင်းတော်ကြီး လမ်းပိုင်း တစ်ဝိုက်တွင်လည်း စစ်တပ်က စစ်ကြောင်းများ ထိုးနေ၍ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article