30 C
Yangon

ရေးမြို့နယ် မော့ကနင် အခြေစိုက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရေးမြို့နယ် မော့ကနင် အခြေစိုက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြာင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ် သားများ ထိခိုက် ဒဏ်ရာရရှိမှု ရှိနိုင်ပြီး အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က ပြန်လည် ပစ်ခတ်တာတော့ မရှိဘူး။ ကျနော်တို့ စစ်ဆင်ရေး ပြီးတာနဲ့ ပြန်လည်ထွက်ခွာတယ်။ ရန်သူ့ ရဲ့ဒရုန်းတွေက အချိန်မရွေးတက် လာနိုင်တဲ့အပေါ်မှာ ကျွန်တော်တို့ ပြန်လည် ဆုတ်ခွာခဲ့တယ်။ ကျနော်တို့ ပစ်လိုက်တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးတွေကတော့ ၃ လုံးကတော့ သတ်မှတ်ထားတဲ့ Target တွေကို ကျတယ်။ ၂ လုံးကတော့ သတ်မှတ် နေရာကို မရောက်ခဲ့ဘူး” ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တာဝန်ရှိသူ က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD)၊ပြည်သူ့ကာကွယ်‌ရေး တပ်မတော် ဒေါနတပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article