34 C
Yangon

စဉ့်ကူးမြို့ပါ် စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

စဉ့်ကူးမြို့ပါ် စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပါ် စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်တွင် စဉ့်ကူးမြို့ပေါ်ရှိ အထက စာသင်ကျောင်း အရှေ့ဘက်နှင့် မဟာဝေယံဘုံသာ ဘုန်းကြီးကျောင်း မြောက်ဘက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ စဥ့်ကူးမြို့ပေါ် အထက စာသင်ကျောင်း အရှေ့ဘက်ကို ၁ ကြိမ် နဲ့ မဟာဝေယံဘုံသာ ဘုန်းကြီးကျောင်း မြောက်ဘက်ကို ၁ ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတယ်။ အဆောက်အဦး ထိခိုက်ပျက်စီးတယ်။ လူအထိခိုက် မရှိဘူး။ အဓိကတော့ ပြည်သူတွေကို အကြောက်တရားပေးပြီး တော်လှန်ရေးကို အားမပေးအောင် သွေးခွဲတဲ့ သဘောပါပဲ ပြည်သူတွေ အနေနဲ့ တော်လှန်ရေးအပေါ်မှာပဲ အာရုံစိုက်ပြီး ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ်” ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article