34 C
Yangon

အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရ

Must read

အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရ

ရန်ကုန်၊ ဧပြီ ၂၇

အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်မှာ ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောဆိုသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံနေရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားနေပြီး အင်းစိန်ဆေးရုံတွင် ထပ်မံ၍ အရေးပေါ် ပို့ဆောင်ကုသနေရကြောင်း၊ သို့ရာတွင် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ခွင့်မရရှိမည်ကို စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ် ပြန်သည်။

ဧပြီလ ၂၅ ရက်နေ့ညပိုင်းတွင် မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ၍ အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း၊ မဝတ်ရည်အောင်သည် စစ်ကြောရေးတွင် မတရားညှင်းပမ်းနှိပ်စက်ခံရ၍ ဦးခေါင်းအတွင်း ဒဏ်ရာရရှိကာ မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အရေးပေါ်အခြေအနေမှသာ အင်းစိန်ထောင်မှ ဆေးရုံပို့ဆောင်ပေးကြောင်း၊ ယင်းနောက် အကျဉ်းထောင်အတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မဝတ်ရည်အောင်သည် ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက် တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရသည်။ ယင်းနောက် စစ်ကောင်စီက သူမကို ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ထပ်မံ၍ ပုဒ်မ ၅၂ (က) ဖြင့်လည်း ထောင်ဒဏ် ၄ နှစ်ချထပ်မံချမှတ်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article