28 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Servant Revolution – Wetlet မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဝက်လက်မြို့ စောင့်တပ်ကမှ ပြည်သူ့စစ် ၁ ဦးသည် AK သေနတ် ၁ လက် နှင့် ကာဘိုင် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ အကူစစ်ကြောင်းသည် ရှိမ်းမကား ရဲစခန်းကို ရောက်လာပြီးနောက် စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဝက်လက်မြို့တွင်းသို့ ရောက်ရှိနေသည့် ဒတရ ၆၁၀ မှ စစ်ကောင်စီ တပ်သား ၁ ဦး သည် MA-1 သေနတ် ၁ လက် ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နလခ မှ ဝက်လက်မြို့တွင်း တာဝန်ကျနေသော စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-11 နှင့် MA-2 သေနတ်များ ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

“စုစုပေါင်း အလင်းဝင်လာတာက ၆ ဦးပေါ့။ သူတို့ဘက်က ချိတ်ဆက်တဲ့အခါ ကျနော်တို့ အနေနဲ့ သွားရောက် ခေါ်ထုတ်ပေးရတာမျိုးလည်းရှိတယ်။ ဆုကြေးငွေ‌ချီးမြှင့်တာကတော့ ကျနော်တို့ စစ်ဒေသ ညွှန်ကြားချက်နဲ့ အညီ လုပ်ဆောင်ပေးရတာမျိုးရှိတယ်” ဟု People’s Servant Revolution – Wetlet မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article