34 C
Yangon

ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံး

Must read

ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ် ဓနုံးမြှောင်ဂိတ်မှ ဗိုလ်ကြီး ဖြိုးမောင် ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဝါးစေ့မြှောင်ဂိတ်သို့ ကားဖြင့် တက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ယင်းဂိတ်အနီး ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ဗိုလ်ကြီး ဖြိုးမောင် အပါဝင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဝါးစေ့မြှောင်ဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဓနုံးမြှောင်ဂိတ်ကနေ ဗိုလ်ကြီး ဖြိုးမောင် ဦးဆောင်တဲ့ စစ်ခွေးတွေက ဝါးစေ့မြှောင်ဂိတ်ကို ကားနဲ့တက်လာတဲ့ အချိန်ကို ဝါးစေ့မြှောင်ဂိတ်နားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာ တိုက်ပွဲအတွင်းမှာ ဗိုလ်ကြီး ဖြိုးမောင် အပါအဝင် စစ်ခွေး ၈ ကောင် သေဆုံးတယ်။ စစ်ခွေး အများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်။ ဝါးစေ့မြှောင်ဂိတ်က စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့တယ်” ဟု သရက်ခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ်၅ တပ်ရင်း ၊ ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်တွင်းကြီး) ၊ Viper King Column ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း ၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဗိဿနိုး ပြည်သူ့ကာကွယ်ရေး အဖွဲ့(တောင်တွင်းကြီး) တို့က ပူးပေါင်း လုပ်ဆာင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article