34 C
Yangon

မင်းလှမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

မင်းလှမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမအစပ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်နေသော ပြည်သူများ၏ နေအိမ်များကို လိုက်လံ ဖောက်ထွင်း ခိုးယူနေသော စစ်ကောင်စီ တပ်သားများသည် ဆားချောင်းရွာထိပ် ကြိုးတံတားပေါ် တက်လာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း တော်လှန်ရေး ရဲဘော်များက ပစ်ခတ်သော ၄၀ မမ ဗုံးသီ ၂ လုံးသည် စစ်တပ် စစ်ကြောင်းပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး တော်လှန်‌ရေး ရဲဘော်များကလည်း လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၆ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အုပ်ထဲကို ၄၀ မမ ဗုံးသီးတာ တိုက်ရိုက်ကို ကျရောက်ပေါက်ကွဲတာ နောက်ပြီး လက်နက်ငယ်တွေနဲ့လည်း ဝိုင်းပစ်တော့ စစ်ခွေးတွေ ထိခိုက်သေဆုံးခဲ့တာ မျက်မြင် စစ်ခွေး ၆ ကောင်သေဆုံးတယ်။ အများအပြားလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဆက်လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ အနီး သွားလာ နေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်နှင့် အထိနာနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လေကြောင်း တိုက်ခိုက်မှုများအပြင် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေ၍ အထူး သတိထား နေထိုင်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား အလံဖြူထောင်၍ အလင်းဝင်သော စစ်ကောင်စီ တပ်သားများလည်းရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ – အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်တိုက်ပွဲတွင် သေဆုံးသွားသော စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article