33 C
Yangon

ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု ဖုန်းတာဝါတိုင် ပျက်စီးပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု ဖုန်းတာဝါတိုင် ပျက်စီးပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၈

ကရင်ပြည်နယ်၊ ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရာ ဖုန်းတာဝါတိုင် ပျက်စီးပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း KNLA မဟာမိတ် ပူးပေါင်းတပ် စစ်ရေး သတင်းအရင်းအမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း ပစ်ခတ် တိုက်ခိုက်မှု အတွင်း ခမရ ၅၄၅ တပ်ရင်းအတွင်းကို ရှော့တိုက်ဒုံး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိကာ ကျန် ၁ လုံးသည် တပ်ရင်းထိပ် အမှတ် ၁ ရပ်ကွက်ရှိ တယ်လီနော တာဝါတိုင်ကို ထိမှန်ခဲ့ကြောင်း သိရှိရသည်။

“မနေ့က မွန်းလွဲပိုင်းပေါ့။ ၅၄၅ တပ်ရင်းထဲကို ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်တာ ၅၄၅ တပ်ထိပ်နားက အမှတ် ၁ ရပ်ကွက် တယ်လီနော ဖုန်းတိုင်ကို ထိတယ်။ နောက်တစ်လုံးက တပ်ဝင်းထဲကျတာ့ အရာရှိတစ်ယောက်နဲ့ စစ်သားတစ်ယောက်ထိတာဒဏ်ရာ ပြင်းတယ်ကြားသိရတယ်။ တတိယအလုံးကတော့ တပ်ရင်းနောက်ဘက်ကျတော့ လူတော့မထိဘူး။ တပ်ခြံစည်းရိုးထိတယ်” ဟု ကျုံဒိုး စစ်ရေးနယ်မြေအတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရမှု အပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က ကျုံဒိုးကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် လှည့်ပတ် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး သရက်တောကျေးရွာဘက်တွင် အရပ်သားပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိချိန်တွင် ကျုံဒိုးမြို့တွင်း ရပ်ကွက်များ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၊ ပျုစောထီးများ နှင့် ပြည်သူ့စစ် တပ်ဖွဲ့များအရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ကာ စစ်ဘေးရှောင်နေအိမ်များ ဈေးဆိုင်များကို ဖောက်ထွင်းပြီး နေအိမ် အသုံးအဆောင်နှင့်စားသာက်စရာများကို ယူဆောင်မှုများရှိနေကြောင်း သိရှိရသည်။

” ကျုံဒိုးကလူတွေက ဂျိုင်းဘက်ပြေးကြပြီဆိုတော့ ရဲစခန်းကုန်းမှာရှိတဲ့ စကစ တွေ ပျူတွေ ပြည်သူ့စစ်တွေက ကမ်းနားတန်းဆိုင်တွေ အိမ်တွေကို လိုက်ဖောက်စားနေတယ်။ အိမ်စောင့်ကျန်နေတဲ့ အိမ်တွေတော့ ကပ်မလာဘူး။ အရပ်ဝတ် သေနတ်လွယ်ပြီး စစ်ရှောင်အိမ်တွေ ဝင်မွှေယူနေကြတာမျိုးပေါ့။ ပိုဆိုးတာက ကျုံးဒိုးက ကြံဖွတ် အိမ်တွေဆိုင်တွေပါ ဖောက်နေတာတွေ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်များက ကျုံဒိုး ကော့ဝါလဲရွာဘက်တွင် ပစ်ခတ်မှုများ ဆက်ရှိနေပြီး ကော့ကရိတ်မြို့ ကိုးတိုင်စစ်ကတုတ်နှင့် ရန်ကုတ်ရွာစစ်ကတုတ်ဘက်တွင်လည်း မြေပြင်တိုက်ပွဲနှင့် လက်နက်ကြီး၊ ဒရုန်း အပြန်အလှန် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article