29 C
Yangon

ထိုင်းနိုင်ငံ၊ စမုစခွန်တွင် မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော အပန်းဖြေ ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်း၊ လက်နက်နှင့်မူးယစ်ဆေးပြားများပါ ဖမ်းမိ

Must read

ထိုင်းနိုင်ငံ၊ စမုစခွန်တွင် မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော အပန်းဖြေ ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်း၊ လက်နက်နှင့်မူးယစ်ဆေးပြားများပါ ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၂၉

ထိုင်းနိုင်ငံ၊ စမုစခွန်၊ မဟာချိုင်တွင် မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော အပန်းဖြေ ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် လုပ်ငန်းလုပ်ဆောင်မှုများနှင့်အတူ လက်နက်၊ မူး ယစ်ဆေးပြားများပါ ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း မြန်မာများအတွက် သီးသန့်ဖွင့်လှစ်ထားသော အပန်းဖြေနေရာကို ထိုင်းအာဏာပိုင်များ ပါဝင်သော ဌာနပေါင်းစုံအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းအပန်းဖြေနေရာတွင် ဘား၊ စား သောက်ဆိုင်၊ ကာရာအိုကေ၊ ဘိလက်ယက်ခုံများ ပါဝင်ကြောင်း၊ ထို့ပြင် လက်နက်၊မူးယစ်ဆေးပြားများကိုပါ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးမှုမှာ မြန်မာတစ်ဦး၏ သတင်းပေး တိုင်ကြားချက်ကြောင့် ဖြစ်ပြီး မြန်မာများအနေဖြင့် ယင်းကဲ့သို့ ခွင့်ပြုချက်မရှိဘဲ အပန်းဖြေ ဖျော်ဖြေရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိကြောင်း သိရှိရသည်။

“အခုက ထိုင်းမှာ အွန်လိုင်းစျေးရောင်းတာကစလို့ ဆိုင်သေး၊ ဆိုင်ကြီး၊ အိမ်ခြံမြေ ပွဲစား အေးဂျင့် စတဲ့လုပ်ငန်းတွေမှာ မြန်မာတွေ လုပ်ကိုင်နေတာတွေကို အတော်ကြီးကို ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးတယ်ဆိုတာက နှစ်ပိုင်းရှိတယ်။ တိုင်လို့ ဖမ်းတာရယ်၊အွန်လိုင်းပေါ်နဲ့ ဖေ့ဘုတ်စ်၊ တစ်တော့မှာ တက်ပြီး ငါက အလုပ်ဖြစ်တယ်ဆိုတာမျိုး တက်ကြွယ်တာတွေကြောင့်ပါ။ ထိုင်းတွေက စီးပွားပျက်နေချိန်မှာ မြန်မာတွေက စီးပွားဖြစ်နေတာမျိုး ထိုင်းတွေကလည်း မကြည့်နိုင်ကြဘူး။ ကိုယ့်မြန်မာတွေကလည်း နည်းနည်းလေး စီးပွားဖြစ်ရင် တစ်တော့နဲ့ ဖေ့ဘုတ်စ်မှာ တက်ပြီး ကြွားနေတော့ အမြင်ကပ်ပုဒ်မတွေလည်းပါတယ်” ဟု ဘန်ကောက်မြို့၊ ငွေလဲနှင့်ခရီးသွားအေးဂျင့် လုပ်ကိုင်နေသူ မြန်မာစီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။

ထိုင်းနိုင်ငံ၊ စမုစခွန်ရှိ မြန်မာသီးသန့် ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်များ ပါဝင်သော ဌာနပေါင်းစုံ အင်အား ၂၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article