လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲထားသော စစ်တပ် ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကိုင်းတောအုပ်စု၊ ဆင်တလင်းကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဝင်ရောက်တပ်စွဲသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၆ ရက် နံနက် ၂ နာရီခန့်က လက်ပံတန်းမြို့နယ် ၊ကိုင်းတောစုအုပ်စု၊ ဆင်တလင်း ကျေးရွာ ဘုန်းကြီး ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားများ ရောက်ရှိနေကြောင်း သတင်းအရ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရန် သွားရောက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်တွေ့ရှိရကြောင်း၊ ထို့ ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဗိုလ်ကြီး ၁ ဦးနှင့် စစ်သား ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိပြီး ကျန်စစ်သားများမှာ ထွက် ပြေးသွားကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်သား များ စီးနင်းလာသည့် ဆိုင်ကယ် ၃ စီးကျည်ထိမှန်ပျက်စီးနေသည်တွေ့ရှိရကြောင်း သိရသည်။
“အသေမရှိဘူး၊ ကျနော်တို့ ဝင်ပစ်တော့ မခုခံနိုင်ဘဲ နီးစပ်ရွာထဲထွက်ပြေးကြတာ။ ထိမှန်တာတော့ များတယ်။ သူတို့ဆိုင်ကယ်တွေလည်း ပျက်စီးကုန်တယ်။ တိုက်ပွဲအပြီး သူတို့ကို လိုက်ရှာပေမယ့် မတွေ့ရတော့ဘူး။ မနက်မိုင်းလင်းလို့ သူတို့က စစ်ကူတက်လာပြီး ရှာကြတော့ ၃ ပွင့် ဗိုလ် ၁ ဦး နဲ့ စခ ၃ ဦး ဒဏ်ရာနဲ့တွေ့တယ်လို့ သတင်းရတယ်။ ကျနော်တို့လည်း စခန်းပြန်ရောက်နေကြပြီဖြစ်လို့ စစ်ကူစစ်ကြောင်းကို မမီလိုက်တော့ဘူး။ စစ်ကူစစ် ကြောင်းလည်း ပြန်ဆုတ်သွားပြီ။ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမရှိပါဘူး။ ဆိုင်ကယ်တွေလည်း ပျက်စီးထားလို့ စုပြုံထားခဲ့လိုက်တယ်။ ဆိုင် ကယ်က ၃ စီး ပျက်စီးကျန်ခဲ့တာပါ” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ ၏ တပ်ခွဲများဖြစ်ကြသောရွှေတန်း မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင်မိုးညိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ပြည်သူတွေအနေနဲ့ ရွာထဲမနေစေချင်တော့ပါဘူး။ စခတွေက ကာဗာရနေတာ။ ကျနော်တို့ဘက်က လက် နက်ကြီးနဲ့ထုရင် ပြည်သူတွေရှိနေတော့ ရှောင်နေရတယ်။” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
