26 C
Yangon

တောင်သာမြို့တွင် ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်

Must read

တောင်သာမြို့တွင် ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂၉

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်တွင်တာဝန်ကျနေသော ရဲတပ်သား ၁ ဦးသည် လက် နက်ခဲယမ်းများနှင့်အတူ ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့ တောင်သာမြို့ပေါ်တွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းနှင့်အတူ ထွက်ပြေးလာကာ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေ ၂၅ သိန်းချီးမြှ့င်ပေးလိုက် ကြောင်း သိရသည်။

“ဆုကြေးငွေ ၂၅ သိန်းဆုချလိုက်ပါတယ် ။ ဆက်သွယ်လာတာက ဧပြီလ ၂၂ ရက်နေ့က ဆက်သွယ် လာ တာ။ ၂၆ ရက်နေ့မှာတော့ ကျနော်တို့ဆီအလင်းဝင်ခဲ့တာပေါ့။ နောက်ထပ်လူတွေလည်း စစ်သား ပဲဖြစ်ဖြစ်၊ ရဲပဲဖြစ်ဖြစ်၊ ပြည်သူ့စစ်ပဲဖြစ်ဖြစ်။ ပျူစောထီးပဲဖြစ်ဖြစ် ကျနော်တို့ MBT တပ်ဖွဲ့ထံ အလင်း ဝင်ချင်တယ်ဆိုရင် Facebook Page Messenger ကနေတဆင့် သွယ်လို့ရပါတယ်။ လက်နက်ပေါ်မူ တည်ပြီးတော့ ဆုကြေးငွေချမယ်၊ ပြီးလို့ရှိရင် တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ချင်တယ် ဆို ရင် တယ်ဆိုရင်း‌လည်း ထမ်းဆောင်လို့ရသလို၊ တာဝန်ထမ်းလိုစိတ်မရှိဘူး။ ကိုယ့်မိသားစုနဲ့အတူ တူနေချင်တယ်ဆိုရင်းလည်း လုံခြုံစိတ်ချရတဲ့နေရာအထိပို့ဆောင်ပေးနိုင်ပါတယ်” ဟု MBT ခေါင်း ဆောင်ဗိုလ်မိုက်ခဲက ပြောကြားသည်။

Myingyan Black Tiger (MBT) တပ်ဖွဲအနေဖြင့် ယခုကဲ့သို ပူးပေါင်းချိပ်ဆက်မှုအတွက် အထူးပင် ဝမ်းမြှောက်ဂုဏ်ယူ ကြိုဆိုလျက်ရှိကြောင်း၊ အကြမ်းဖက် စကစတပ်၏ လက်အောက်မှ ရုန်းထွက်၍ Myingyan Black Tiger (MBT)တပ်ဖွဲထံ လာရောက်ပူးပေါင်းလိုပါက အဖွဲ့၏ ဖေ့ဘုတ်စ် မက်ဆင်ဂျာမှ တဆင့် လာရောက် ဆက် သွယ်နိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article