28 C
Yangon

ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ စစ် Mi-35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့

Must read

ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ စစ် Mi-35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ် သား ၂၇ ဦးသေဆုံးပြီး Mi 35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း Chinland Information Center နှင့် CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီတို့ထံမှ သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာဘက်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့် အသုံးပြုပြီး စစ်ကြောင်း ၂ ခု ဖြင့် ထိုးစစ်ဆင်လာကြောင်း၊ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်း၊ လက်နက်ငယ် ၁၁ လက်နှင့်ခဲယမ်းအချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဒဏ် ရာရ စစ်သားများကို ပြန်လည်သယ်ဆောင်သွားသည်များ ရှိသော် လည်း ဒဏ်ရာရ စစ်သားတချို့ကိုမူ ပစ်သတ်သွားကြောင်း သိရသည်။

“အလောင်း ၇ လောင်းနဲ့ လက်နက် ၁၁ လက်သိမ်းဆည်းရရှိခဲ့တယ်။ သေဆုံးတာ စုစုပေါင်းက ၂၇ ဦးရှိပါတယ်။ Mi-35 စစ်ရဟတ်ယာဉ်ကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး မီးခိုအူထွက်ပြီးတော့ ဟံသာဝတီရွာဘက်ကို ဆင်းသွားတယ်။ အခုထိတက်မလာနိုင်သေးဘူး။ အဲဒီနေ့က မနက်အစော ကြီး၊ စခ၊ ပျူပူးပေါင်းအင်အား ၂၀၀ လောက်နဲ့ မြေပြင် လက်နက်ကြီးပစ်ကူယူပြီး ကြံသာရွာဘက်ကို ကပ်လာတာ။ Mi 35 နဲ့မပစ်ခင် ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့အရင်ဗုံးကျဲတယ်။ ၁၂၀ မမ လက် နက်ကြီးနဲ့က အလုံး ၂၀ ကျော်ထုတယ်” ဟု တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြစ်မဲ့ပြည်သူများနေထိုင် ရာ နတ်ချောင်း၊ နတ်မြောာင်း၊ အောင်ချမ်းသာ ၊ သံဖိုနှင့် ငါးဖားတို့ကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့ကာ ရွာသူရွာသားများဘေးလွတ်ရာထွက်ပြေးနေကြရ ကြောင်း သိရသည်။

“မနေ့ ကအထိကို လက်နက်ကြီးနဲ့ ၂ ချက်ထုသေးတယ်၊ ဒီဘက်မှဆိုရင် မိုးတွေရွာနေတာ၊ ကြံသာ၊ မှန်တော၊ အောင်ချမ်းသာရွာတွေက လူမနေတော့တာ ကြာပြီ။ စစ်ရှောင်နေကြရတာပါ” ဟု တော် လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို CNA ၊ CDF – KKG ၊ CDF Vakok ၊ MCR နှင့် ပြည်သူ့ကာကွယ် ရေးတပ် မတော် အမှတ် ၁ စစ်ဒေသတပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အထိ အခိုက်မရှိ ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ငလျင်ဒါဏ်ကြောင့် အပစ်အခတ်ရပ်စဲထားသည်ဟု တရားဝင် ကြေ ညာချက်ထုတ်ပြန်ထားသော် လည်း ၎င်းတို့ ထုတ်ပြန်ချက်ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ကာ ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article