30 C
Yangon

ဝန်းသိုမြို့နယ်၊ အာမခံရွာအနီး စစ်တပ်က ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ အာမခံရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ဝန်းသိုမြို့နယ် အာမခံကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ်က ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ သတ်ဖြတ်မှုခံရသော ကလေးငယ် အပါအဝင် ပြည်သူ ၇ ဦးသည် သာမန် ဈေးသည်များဖြစ်ပြီး ဝန်းသိုမြို့ အရှေ့ဘက် ၁ မိုင်ကျော် အကွာရှိ အာမခံ ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် လှည့်ကင်းနှင့် တွေ့ဆုံမိပြီးနောက် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းကြောင်း သိရှိရသည်။

ပြည်သူများ သတ်ဖြတ်ခံရသော နေရာသည် အကြမ်းဖက် စစ်တပ်ဂိတ်များ တည်ရှိပြီး စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ စိုးမိုးထားသော နယ်မြေဖြစ်ကြောင်း သိရသည်။

“အဲ့ဖြစ်စဉ်က စစ်ခွေးဘက်က လုပ်သွားတာ။ အဲဒီနားလေးက စစ်တပ်ဂိတ်တွေ ဝန်းသိုမြို့ အဝင်အရှေ့ဘက် ၂ မိုင်ခန့် အကွာမှာဖြစ်တာ။ ရိုးရိုးဈေးသည်တွေကို သတ်ဖြတ်သွားတာ အဲတာ ၂၆ ရက်နေ့က ဖြစ်တာ အဲနားက လူတွေပြောတာတော့ စစ်ခွေး ပတ်ကင်းနဲ့တိုးပြီး သတ်ဖြတ်ခံရတာလို့ သိရတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော ပြည်သူများ၏ နေရပ်လိပ်စာနှင့် အမည်များကို ဆက်လက် စုံစမ်းနေကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် အဆိုပါ ပြည်သူများကို PDF က သတ်ဖြတ်သည်ဟု လိမ်လည်ဝါဒဖြန့်နေသော်လည်း ဒေသပြည်သူများကမူ စစ်တပ်၏ သတ်ဖြတ်မှုဖြစ်ကြောင်း အတည်ပြု ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article