ကလေးဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Kalewa People Defence Organization ထံမှ သိရသည်။
ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးဝမြို့နယ်ရှိ ကျွဲနန်ရွာ၊ ဆင်ခေါင်းရွာနှင့် ဂဇက်ရွာတို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျွဲနန်ရွာနှင့် ဂဇက်ရွာ တို့မှ အသက် ၅၈ နှစ် အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်သူပိုင် နေအိမ် ၃ လုံးလည်း ထိမှန် ပျက်စီးခဲ့ပြီး ပြည်သူများသည် လက်ရှိချိန်တွင် ကျေးရွာများတွင် နေထိုင်ရဲခြင်းမရှိသောကြောင့် တိမ်းရှောင်နေရကြောင်း သိရှိရသည်။


