27 C
Yangon

ဆီမီးခုံမြို့တွင် စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၂ လက်သိမ်း ဆည်းရရှိ

Must read

ဆီမီးခုံမြို့တွင် စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၂ လက်သိမ်း ဆည်းရရှိ

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့တွင်း၌ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ ရာ သေဆုံးသွားပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger – MBT တပ် ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီခန့်အချိန် ဆီမီးခုံမြို့အတွင်း ကင်းပတ်လှည့်လည်နေသော အ ကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ဗိုလ် ၁ ဦးနှင့် ပျူစောထီး ၂ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ၃ ဦးစလုံး သေဆုံးသွားပြီး G3 အမျိုအစားသေနတ် ၂ လက်နှင့် ကျည် ၁၈ တောင့်သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

“ ဗိုလ်ရော ပျူ ၂ ဦးရောသေသွားတာ။ သေနတ် ၃ လက်၊ M3 တစ်လက်က ကောက်မရလို့၊ မြို့ထဲဆို တော့ကောက် မရတာ။ အပြန်အလှန်ပစ်ခတ်မှုကတော့ နည်းနည်းပါးပါးဖြစ်သေးတယ်။ ထပ် ကောက်ချိန်မရလို့ ပြန်ဆုတ်လာခဲ့လိုက်ရတာ၊ ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ အခုလိုမျိုးမြို့တွင်း စစ်ဆင်ရေးတွေကို အရင်ကထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်အောင်ကြိုးစားနေတယ်။ အဲဒါကြောင့် စစ်အုပ်စုရဲ့ အနီးအနားတွေမှာ ပြည်သူတွေသွားလာခြင်းမပြုလုပ်ဖို့တိုက်တွန်းချင်ပါ တယ်” ဟု Myingyan Black Tiger – MBT တပ် ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်များက ပျောက်ကြား နည်း ဗျူဟာအား အသုံးပြု၍ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article