28 C
Yangon

ပျော်ဘွယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

Must read

ပျော်ဘွယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးကို တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၆ စီးကို တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀နာရီခန့်တွင် ပျော်ဘွယ်မြို့နယ် ပေပင်ရှည်အုပ်စု ပေပင်ရှည်ကျေးရွာအနောက်ဘက်တွင် ညောင်ကုန်းဘက်မှ ဆိုင်ကယ် ၆ စီးဖြင့် တက်လာသော အ ကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေးတွေ ဘက်က ပြန်လည် ပစ်ခတ်တာတွေရှိတယ်။ ပစ်ပြီးသေတဲ့ရခတွေ တရွတ်တိုက်ဆဲဲပြီးပြန်ဆုတ်သွားတယ်။ ဆွဲ ပြီးပြန်ဆုတ်သွားတာ။သူတို့ကောင်တွေကျလို့ပြန်ဆုတ်သွားတယ်ထင်တယ်”ဟု တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစု အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ​ပြောဆိုသည်။

ယင်း တိုက်ခိုက်မူတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ရဲ ၂ ဦး သေဆုံးပြီး၊ သေဆုံးသွားသည့် စစ်သားအလောင်းများကို တစ်ရွက်တိုက်ဆွဲသွားပြီး၊ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မူကို ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေး၊ သာစည် ပကဖ၊ပျော်ဘွယ်လူငယ် အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article