26 C
Yangon

ကန့်ဘလူ၊ ကာဘိုး-ဇီးကုန်း လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ကန့်ဘလူ၊ ကာဘိုး-ဇီးကုန်း လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုး-ဇီးကုန်း လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း ၂ (KB-2) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ် ကာဘိုး-ဇီးကုန်း လမ်းပိုင်းရှိ ဝက်တိုး‌ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သား ၅ ဦးသည် လမ်းကင်းယူရန် ထွက်လာစဉ် ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး ဦးဆောင်သော တော်လှန်ရေးအင်အားစုက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးကာ ပျူစောထီး ၁ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့ပြင် AK 47 သေနတ် ၁ လက် ၊ ကျည်ဘောက် ၁ ခု ၊ ၇.၆၂ ကျည် ၁၅ တောင့် ၊ ဖုန်း ၁ လုံး တို့ကိုလည်း သိမ်းပိုက် ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။၏

“ကာဘိုး-ဇီးကုန်း လမ်းပိုင်း ဝက်တိုး(တ)ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စခန်းက စစ်ခွေး အင်အား ၅ ကောင်က ကင်းယူဖို့ ထွက်လာတုန်း တော်လှန်ရေး အင်အားစုတွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာ စစ်ခွေးနဲ့ ပျူခွေး ၂ ကောင် သေဆုံးတယ်” ဟု ကန့်ဘလူခရိုင် တပ်ရင်း ၂ (KB-2) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article