26.4 C
Yangon

မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ ရင်ပြင်နီအောင်ပွဲသို့ တက်မည်ဖြစ်ပြီး မကြာခင်က အပြီးအပြတ် ဝယ်ယူထားသော Airbus လေယာဉ်ဖြင့် ရုရှားသို့ မေလ ၆ ရက်နေ့ သွားရောက်မည်

Must read

မင်းအောင်လှိုင် ရုရှားနိုင်ငံ၊ ရင်ပြင်နီအောင်ပွဲသို့ တက်မည်ဖြစ်ပြီး မကြာခင်က အပြီးအပြတ် ဝယ်ယူထားသော Airbus လေယာဉ်ဖြင့် ရုရှားသို့ မေလ ၆ ရက်နေ့ သွားရောက်မည်

ရန်ကုန်၊ မေ ၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ ရင်ပြင်နီအောင် ပွဲသို့ တက်မည်ဖြစ်ပြီး မကြာခင်က အပြီးအပြတ် ဝယ်ယူထားသော Airbus လေယာဉ်ဖြင့် သွားရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြိုတော် မော်စကို ရင်ပြင်နီတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် ၈၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။

“မေလ ၆ ရက်နေ့မှာ တပ်ချုပ်က ရုရှားကို သွားပါမယ်။ MAI Airbus လေ ယာဉ် နဲ့ပဲသွားမယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်သို့ ပြောဆိုသည်။

ရုရှားနိုင်ငံ မော်စကိုမြို၊ ရင်ပြင်နီ၌ မေ ၉ ရက်တွင်ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်၈၀ ပြည့် အထိမ်း အမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာစစ်တပ်ပါဝင်ချီတက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီး ယင်းစစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် မြန်မာစစ်တပ်ကိုယ်စားပြု စစ်ရေးပြအဖွဲသည် ဧပြီ ၂၃ ရက်နေ့လယ်ပိုင်း ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း၊ အဆိုပါ စစ်ရေးပြချီတက်အခမ်းအနားသို့ စစ်ကောင်စီ ကိုယ်စားပြု စစ်ရေးပြအဖွဲ ဗိုလ်မှူးချုပ်မျိုးဆက်အောင်က ဦးဆောင်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ပြည်ပခရီးစဉ်များအတွက် ငှားရမ်းအသုံးပြုနေသည့် Airbus လေယာဉ် အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ဖေဖော်ဝါရီလအတွင်း အပြီးအပြတ် ဝယ်ယူခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article