29 C
Yangon

စစ်ကောင်စီနှင့် ဆွေးနွေးပွဲ ပျက်ပြယ်ကြောင်း TNLA က သတင်းထုတ်ပြန်ပြီးနောက် မိုးကုတ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ညအချိန် ဗုံးကျဲချ

Must read

စစ်ကောင်စီနှင့် ဆွေးနွေးပွဲ ပျက်ပြယ်ကြောင်း TNLA က သတင်းထုတ်ပြန်ပြီးနောက် မိုးကုတ် အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို စစ်တပ်က တိုက်လေယာဉ်များဖြင့် ညအချိန် ဗုံးကျဲချ

ရန်ကုန်၊ မေ ၃

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ဆွေးနွေးပွဲ ပျက်ပြယ်ကြောင်း TNLA က သတင်းထုတ်ပြန်ပြီးနောက် TNLA က သိမ်းပိုက်ထားသော မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်း တိုက်လေယာဉ်ဖြင့် ညအချိန် ဗုံးများ ကျဲချကြောင်း မိုးကုတ်မြို့မှ PDF သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မေလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၇ မိနစ်အချိန် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်၊ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို လေကြောင်းတိုက် ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိဘဲ နေအိမ်နှင့် အဆောက်အအုံတချို့ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“မိုးကုတ် အနောက်ပိုင်း၊ အုတ်အင်း ဓမ္မာရုံမှာရှိတဲ့ ဘုရားခန်း တည့်တည့် ဗုံးကျတယ်။ လူအထိအခိုက်မရှိပါဘူး။ ဘေးပတ်ဝန်းကျင် အဆောက်အအုံတွေတော့ ထိခိုက်တယ်။ နောက်ပြီး မိုးကုတ် အရှေ့ပိုင်း ဗမွန်ရွာကို ဗုံး ၁ လုံးကျတယ်။ နှစ်နေရာစလုံး လူထိခိုက်မှုမရှိဘူး” ဟု မိုးကုတ်မြို့မှ PDF သတင်းရင်းမြစ်က ရှင်းပြသည်။

မိုးကုတ်မြို့မှ ပြည်သူတစ်ဦးကလည်း “မိုးကုတ်အရှေ့ပိုင်းကောအနောက်ပိုင်းကော Jet Fighter နဲ့နှစ်ကြိမ်ကျဲသွားတယ်။ တော်တော်ပြင်းမှာအိမ်တွေကိုခါသွားတယ်။ ဂျက်တိုက်လေယာဉ် စဖြတ်သွားကတည်းကနိမ့်နိမ့်လေးပျံသွားတာ။ ပစ်မှတ်တွေ့သွားတော့နိမ့်ဆင်းပြီးကျဲသွားတာ။ အိမ်ကိုခါနေတာပဲ” ဟု ပြောဆိုသည်။

တရုတ်နိုင်ငံ၏ကြားဝင်မှုဖြင့် ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့တို့တွင် စစ်ကောင်စီကိုယ်စားလှယ်နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း ၊ TNLA တပ်များအ နေ ဖြင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်း အထိသို့ ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီက တောင်းဆိုလာကြောင်း၊ အဆိုပါ တောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article