27 C
Yangon

Breaking News- မိုးကုတ်မြို့နယ်အနောက်ပိုင်း လူနေရပ်ကွက်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

Must read

Breaking News- မိုးကုတ်မြို့နယ်အနောက်ပိုင်း လူနေရပ်ကွက်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ မေ ၃

မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်အနောက်ပိုင်း လူနေရပ်ကွက်ဖြစ်သည့် ကသဲရပ်ကွက်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က မိုးကုတ်မြို့နယ်၊ အနောက် ပိုင်းရှိ ပြည်သူများ နေထိုင်သော ကသဲရပ်ကွက်ထဲသို့ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

“ကဲသနောက်ကျောင်းကို ဗုံးကျဲတာ။ လူထိခိုက်သေဆုံးမှုရှိတယ်ကြားတယ်။ အခုမှ ကျဲသွားတာဆိုတော့ သွားကြည့်နေကြတုန်းပဲ။ အခြေအနေ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

မိုးကုတ်မြို့မှ PDF သတင်းရင်းမြစ်ကမူ “စစ်တပ်က ဗုံးကျဲချသွားတဲ့နေရာက လူနေအိမ်များတယ်။ မူကြိုကျောင်းရှိတယ်။ CB ဘဏ်ရှိတယ်။ စျေးရှိတယ်။

အခုကြားတာက ဗုံးစမှန်ပြီး ပန်းရံဆရာတစ်ဦး ဦးခေါင်းပြတ်ပြီး ပွဲချင်းပြီးဆုံးတယ်” ဟု ရှင်း လင်းပြောဆိုသည်။

စစ်ကောင်စီက ယမန်နေ့ညပိုင်းကလည်း မိုးကုတ်မြို့နယ်အရှေ့ပိုင်းနှင့် အ နောက် ပိုင်းတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သော်လည်း ပြည်သူများ ထိခိုက်သေဆုံးမှုမရှိဘဲ အဆောက်အအုံတချို့သာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်၏ ကြားဝင် စွက် ဖက်မှုဖြင့် ပြုလုပ်သော TNLA နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် ယမန်နေ့ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်လာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article