မြိုင်မြို့နယ်အရှေ့တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ယမန်နေ့ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ လေယာဉ်များဖြင့် ဗုံးများ တောက်လျှောက် ကျဲနေ
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူများနေထိုင်ရာကျေးရွာများကို ပစ်မှတ်ထားက စစ် ကောင်စီက ယမန်နေ့ ညပိုင်းမှစ၍ ယနေ့ နံနက်ပိုင်းအထိ တောက်လျှောက် လေယာဉ်များဖြင့် ဗုံးများကျဲနေကြောင်း အညာ မြေ အရပ်ဖက်လူမှုကူညီရေး အဖွဲ့ အစည်း -မြိုင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၂ မိနစ်မှ စတင်၍ ယခုအချိန်အထိ မြိုင်မြို့နယ် အရှေ့တေင်ပိုင်းရှိ ပြည်သူများနေထိုင်ရာကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် တောက် လျှောက်ဗုံးကျဲနေပြီး ပြည်သူများထိခိုက်သေဆုံးမှု၊ နေအိမ်များ ထိခိုက်ပျက်စီးမှုအခြေအနေကို သိရှိ ရခြင်း မရှိသေးပေ။
“ထိခိုက်ပျက်စီးမှုက မသိရသေးဘူး။ အခုတမနက်လုံး မြိုင်မြို့အရှေ့တောင်ဘက်တဝိုက်ကရွာတွေ ကိုချနေတာ။ အခုမနက်တော့တောက်လျှောက်ချနေတာ၊ အခုလည်းထပ်ချနေတာ ၃ ကြိမ်ရှိပြီ။ မနေ့ညက ၈ ကြိမ်ဗုံးကျဲသွားတာလည်း ထိခိုက်မှုက မသိရသေးဘူး။ ဒီနေ့မနက်လည်း ထပ်ချနေ တော့ အသေးစိတ်က မသိရသေးပါဘူး။ အခုလည်း ပါရာမိုတာတွေ ဝဲနေတယ်” အညာမြေ အရပ် ဖက် လူမှုကူညီရေး အဖွဲ့ အစည်း -မြိုင်မြို့ နယ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင်လည်း မြိုင်မြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်ရာ နေရာတစ်ခုကို ဦးတည်ကာ တံတားဦး လေတပ်မှ တပ်လာသော Y-12 စစ်ထာက်ပို့ /ဗုံးကျဲးလေယာဥ် ၁ စီးဖြင့် ဗုံးသီး ၁ လုံး၊ ၁၁ နာရီ ၂၂ မိနစ်တွင် ဗုံးသီး ၂ လုံး ၊ ၁၁ နာရီ ၂၅ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၁၁ နာရီ ၂၈ မိနစ်တွင် ဗုံးသီး ၃ လုံး၊ ၁၁ နာရီ ၃၁ မိနစ်တွင် ဗုံးသီး ၈ လုံး ၊ ၁၁ နာရီ ၃၄ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၁၁ နာရီ ၃၇ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၁၁ နာရီ ၄၁ မိနစ်တွင် ဗုံးသီး ၄ လုံး စုစုပေါင်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စကစအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေ၊ ဗုံးကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့တောင်းဆိုချင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဗုံးခိုကျင်းတွေ မဖြစ်မနေတူးထားကြဖို့ ၊ လေကြောင်းသတင်းပေးစနစ်တွေထားကြဖို့၊ လေယာဉ်တွေ၊ စက်တပ်လေထီးတွေ စတဲ့ ကောင်း ကင်ကနေ ထူးဆန်းတဲ့အရာတွေကို မလေ့လာမစူးစမ်းကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု အညာမြေ အရပ် ဖက် လူမှုကူညီရေး အဖွဲ့ အစည်း -မြိုင်မြို့ နယ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြား သည်။
မြိုင်မြို့နယ်၊ပေါက်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းသတင်း၊ စစ်ကြောင်း သတင်းများအမြဲနားစွန့်ကာ နေ ထိုင် ကြပါရန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ္များကို ကြိုတင်ပြောင်း ရွှေ့ထားကြပါရန်၊ ဗုံးခို ကျင်းများတူး၍ ပုန်းအောင်နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
