27 C
Yangon

မြိုင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၊ မြေပြင် စစ်ကြောင်းမှလည်း ကျေးရွာများကို ဆက်တိုက် မီးရှို့နေ

Must read

မြိုင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၊ မြေပြင် စစ်ကြောင်းမှလည်း ကျေးရွာများကို ဆက်တိုက် မီးရှို့နေ

ရန်ကုန်၊ မေ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် လေယာဉ်၊ စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် အရှေ့တောင်ပိုင်း တစ်နေရာကို တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့် ၈ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်မှ ၉ နာရီထိ မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ကျေးရွာများကို တံတားဦးလေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်သွားကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်နှင့် ၂၅ မိနစ်တို့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးကလည်း လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း၊ မွန်းလွဲ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်မှ ၁၁ နာရီကျော်ထိ မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျဲချ တိုက်ခိုက်သွားကြောင်း သိရသည်။

ထို့ပြင် ယမန်‌နေ့က ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာပြီး ပခုက္ကူမြို့နယ်မှ တစ်ဆင့် မြိုင်မြိုနယ် အရှေ့တောင်ပိုင်းကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းသည် မွန်းလွဲ ၃ နာရီခန့်တွင် မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ လေးတန်းရွာ ၊ ပေါက်ပင်ကိုင်းရွာနှင့် သစ်ကြီးတောရွာ တို့ကို ဝင်ရောက် စီးနင်းပြီး ညနေ ၅ နာရီဝန်းကျင်ခန့်မှ စတင်၍ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် အနီးအနားကျေးရွာများမှ တောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ထိခိုက် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ပြည်သူတွေကလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတော့ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘူး။ စစ်တပ် စစ်ကြောင်းကလည်း မြေပြင်မှာလည်း ရှိနေတော့ ထိန်းရှောင်နေရတဲ့ ရွာတွေက ပိုများလာတယ်လို့သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းနေပါတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article